you,me and baby

1.6K 139 21
                                    

" ဖေလေး ရေ့! "

" အွန်း.. သားသား"

" ဖေလေး ချင်းဂု ဦး ရောက်နေတယ် !! "

ဂျုံဆောင်း အခန်းထဲမှာ နက်ခ်တိုင်သေချာပြင်နေရင်း သားတော်မောင် အသံကြောင့်‌ေအာက်ထပ်ကိုဝုန်းဒိုင်းဆင်းလာရတယ်။တိုင်ကပ်နာရီကိုကြည့်တော့အခုမှ 8:30 ။

" ငါနောက်ကျနေပြီဆိုပြီးလန့်သွားတာကွ "

" သားသားနဲ့ဆော့ချင်လို့စောလာတာလေ မင်းကိုအစကဖုန်းဆက်မလို့ပဲ မနက်ဆိုမင်းနဲ့မင်းသားရဲ့ ဝေယျာဝစ္စ တွေလုပ်နေတာနဲ့ဖုန်းကိုင်မှာမှမဟုတ်တာ အဲ့တာကြောင့်မဆက်ဘဲ လာတာ "

" အင်း..အင်း.. အဲ့တာဆို သားသားကို ထမင်းခွံပေးထားအုန်း ငါ သားသားလွယ်အိတ်စစ်လိုက်အုန်းမယ် "

" ဖေလေး.."

" ဗျာ ဖေ့မင်းသားလေး အမိန့်ရှိပါ "

နူးညံ့တဲ့အပြုံးကိုချိတ်ဆွဲရင်းဂျုံဆောင်းရဲ့အသည်းညှာလေးကို ငုတ်တုတ်ထိုင်ပြီး ကြည့်ပေးရတယ်။

" သားသားလွယ်အိတ်ထဲက ချောကလက်တုံးလေးတွေ လွှင့်မပစ်ရဝူးနော် ဖေလေး "

လက်ညှိုးတစ်ထောင်ထောင်နဲ့ သူ့ကိုလွှင့်မပစ်ခိုင်းနေတဲ့သားသားက ချစ်စရာ။ ဂျုံဆောင်းလိုမျက်လုံးဝိုင်းဝိုင်းတွေရှိတဲ့သားသားက ဂျုံဆောင်းကိုတစ်နေ့‌တစ်နေ့အချစ်ပိုအောင်လုပ်နေတော့တာပါပဲလား။

" ဟုတ်ကဲ့ပါခင်ဗျာ.. သားသားကြိုက်တဲ့ချောကလက်တုံးလေးတွေလွှင့်မပစ်ပါဘူးနော်
အခုတော့ ဦး ခွံတဲ့မန်မန်စားပြီး ဖေလေးကို.."

" ငြိမ်ငြိမ်လေးထိုင်စောင့်နေရမယ်..
မီးဖိုချောင်ထဲက တရှူးရှူးထွက်တဲ့နီနီရဲရဲကြီးတွေနား မသွားရဘူး.. ဖရီဂျာထဲက အိုက်စ်ခွင်တစ်ဘူးပဲယူရမယ် ဦးနဲ့များကြီးဆော့ရဘူး "

ဂျုံဆောင်းမှာနေကြစကားတွေတန်းစီရွတ်ပြသွားတာမလို့ ဂျိတ်ခ်ရောသူရော ရယ်မိပါသည်။

" လိမ္မာတဲ့ကလေးလေး က အခုတော့မန်မန်စားပါတော့နော် "

သားသားလွယ်အိတ်‌ကိုစစ်ပေးရတယ်ဆိုတာ တခြားမဟုတ်။ သားသားကို နေ့ကလေးထိန်းကျောင်းပို့ထားရတာမလို့ လွယ်အိတ်ထဲ လိုအပ်တာထည့်ပေးတာနဲ့ ချိုချဉ်အမှိုက်တွေရှင်းပေးရတာမျိုးဖြစ်သည်။ တစ်ပတ်ကိုတစ်ခါရေကူးရတာမလို့ ကလေးလေးအတွက် ရေကူးအင်္ကျီထည့်ပေးမိရဲ့လား၊ မုန့်တွေထည့်ပေးမိသလား စာအုပ်ထဲသားသားကစာရောရေးဖြစ်လား စသဖြင့် စစ်ပေးရတာပေါ့။

𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝐒𝐢𝐧𝐠𝐥𝐞𝐟𝐚𝐭𝐡𝐞𝐫 ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )Where stories live. Discover now