(Zawgyicode)
"အပြင်မှာ မယ်မယ်ကြီး ကြွချီလာကြောင်း မင်းကြီးကို လျှောက်တင်အပ်ပါတယ်"
ဂျောင်ကုလဲ မယ်မယ်ကြွလာတယ်ဆိုလို့
လက်ဖက်ရည်ကြမ်း(ရေနွေးကြမ်း)ကို
ငှဲ့ထားလိုက်သည်"မယ်မယ် အရေးကြီးကိစ္စများ ရှိလို့လား"
"မင်းကြီးတွက် ဧကရီတစ်ပါး လိုအပ်ပါတယ်"
"မယ်မယ် ဦးနှောက်တွေ ကောင်းပါသေးတယ်နော် တစ်မြန်မနေ့ကမှ ထီးနန်းလွှဲယူတာကို
ချက်ချင်းဧကရီကောက်တင် ခိုင်းနေတာ""အရှင်ဘုရင်မှန်ရင် တိုင်းပြည်တွက်က
တိုင်းပြည်မိခင်ဆိုတာ လိုအပ်ပါတယ်""အဲ့တာကို နားလည်တယ် မယ်မယ်
ထီးနန်းရပြီးပြီချင်း ဧကရီကောက်တင်လို့ကတော့ ဒီဘုရင်
ဒီအရာကိုမက်လို့ ချက်ချင်းထီးနန်းလွှဲယူတယ် ထင်ခံရလိမ့်မယ် မယ်မယ် အဲ့တာတွေ သိတယ်မလား""သိပါတယ် မင်းကြီး မယ်မယ်က
ကြိုတွေးပြီး စဉ်စားထားရအောင်လို့
သတိပေးလာတာပါ""မယ်မယ်က ဘယ်သူကိုမျက်စိကျနေလို့လဲ"
"မယ်မယ်က အမတ်လီသမီး ဂျီအန်လေးကို မျက်စိကျမိတယ် လိမ်မာရေးခြားလဲရှိ နန်းတွင်းသူ တစ်ယောက် တတ်မြောက်သင့်တဲ့ ပညာရပ်တွေ အကုန်လုံးကိုလဲ တတ်မြောက်ထားပါတယ်"
YOU ARE READING
KING JEON'S A WILD FLOWER [Completed]
Fanfictionငါဘုရင် ပျိုးထောင် စိုက်ပျိုးမဲ့ တောရိုင်းပန်းလေးကို ဘယ်ကောင် ထိဝံ့သလဲ ငါဥယျာဉ်ထဲက တောရိုင်းပန်းလေးကို လိုချင်တပ်မက်သူမှန်သမျှ နောက်နေ့ နေထွက်တာမမြင်စေရဘူး ငါဘုရင် ပျိုးထောင် စိုက်ပျိုးမဲ့ တောရိုင်းပန်းလေးကို ဘယ်ကောင် ထိဝံ့သလဲ ငါဥယျာဉ်ထဲက တောရိုင်းပ...