(Zawgyicode)
ထယ်ယောင်း သူနိုးလို့ မနက်စာစားပြီးချိန်ထိ အရှင်ကိုမတွေ့ရသေးဘူး အဲ့တာတင်မဟုတ် ဟိုသုံးယောက်ကိုပါ
မတွေ့ရဘူး မနေနိုင်တော့တာနဲ့"အရှင်ကို မတွေ့ရဘူး ဘယ်သွားတာလဲ"
"အမတ်တွေက အရေးကြီးညီလာခံ
မင်းကြီးတစ်ယောက်တည်းခေါ်လို့
သွားပါတယ် ဧကရီ"ထယ်ယောင်းထဲ မသင်္ကာတာအမှန်ပဲ
နန်းလုမှထပ် ဘာကများအရေးကြီးနေတာ ဒီတစ်လောတည်း တကယ့်အရေးကြီးတာတွေတောင် သူပါရသေးတာ အခုကဘာမို့လဲထယ်ယောင်းအတွေးထပ် ခြေလှမ်းတို့က ညီလာခံခန်းမကို
သွားနေပြီး"ဧကရီ ဝင်လို့မရပါဘူး"
"ဘာလို့လဲ"
"အမတ်တွေက ဧကရီကို ဝင်ခွင့်မပေးထားပါဘူး"
"အော်...အင်း ရတယ် ငါဒီကနေပဲ နားထောင်မယ်"
"ဟုတ် ဧကရီ"
ထယ်ယောင်းတံခါးကနေ နားထောင်လိုက်တော့သည်
"အမတ်မင်းတို့ပြောချင်တာက"
"မင်းကြီးလဲသိပါတယ် တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်ရင်
ကိုယ်ယူထားတဲ့ ဧကရီက နန်းသွေးလွယ်နိုင်မှ နောင်မျိုးဆက်တွက် ဆက်ခံလို့ရမှာပါ
ယခုဧကရီက စဉ်စားဥာဏ် အတွေးအခေါ် အာဏာရှိပင်မဲ့ နန်းသွေး
မလွယ်ပေးနိုင်တဲ့အတွက် တစ်ချိန်မှာ
ဒါတွေဟာ တိုင်းပြည်တွက် ဖြစ်လာနိုင်ပါတယ်"
YOU ARE READING
KING JEON'S A WILD FLOWER [Completed]
Fanfictionငါဘုရင် ပျိုးထောင် စိုက်ပျိုးမဲ့ တောရိုင်းပန်းလေးကို ဘယ်ကောင် ထိဝံ့သလဲ ငါဥယျာဉ်ထဲက တောရိုင်းပန်းလေးကို လိုချင်တပ်မက်သူမှန်သမျှ နောက်နေ့ နေထွက်တာမမြင်စေရဘူး ငါဘုရင် ပျိုးထောင် စိုက်ပျိုးမဲ့ တောရိုင်းပန်းလေးကို ဘယ်ကောင် ထိဝံ့သလဲ ငါဥယျာဉ်ထဲက တောရိုင်းပ...