Part 1

383 11 1
                                    

သူ(မ)က ပန်းရောင် အင်္ကျီ ပန်းရောင် ဘောင်းဘီ နဲ့ ဆံနွယ်လိပ် လိပ်လေးတွေကိုစုချည်ထားတယ်။

ရင်သားပြည့်ပြည့် ခါးသေးသေးနဲ့ အရပ်ကတော့ ကျွန်မထက် တောင် ၃လက်မလောက်လျော့ဦးမယ်။ သူ(မ) က ဒီနေရာကို အခုမှ စရောက်တာပေမယ့်ရောက် တာကြာနေတဲ့ ကျွန်မထက်တောင် မျက်နှာ ထားတင်းသေး တယ်။ သူ(မ) တမင်လုပ်ယူထားတာ မဟုတ် ပဲ ပင်ကိုအရခပ်တင်းတင်းဖြစ်နေတာ လို့ ထင်တယ် ။

ကြောက်လို့ လည်း ပါမှာပေါ့ လေ။ နေရာသစ်ဆိုတော့ ။

သူ(မ) ကျွန်မအနားရောက်လာတော့ သူ့ နှုတ်ခမ်းသေးသေး လေးကို သတိထားမိတယ်။ အဲ့နောက်ငေးတယ်။ ငေးနေရင်းပဲ အဲ့နုတ်ခမ်းလေးက "အမှိုက် ကဒီပုံးလား" ဆိုတဲ့ စကားနဲ့ ဖွင့်ဟ တယ်။

"ဟုတ်တယ် ၂ပုံးတွဲချထားတာ အဝတ် ပုံး ဒါကအမှိုက်ထည့်ဖို့" သူ(မ) က နှုတ်ခမ်းလေးကွေးတက်သွားအောင်ပြုံးပြရင်း ကျေးဇူး စကား ဆိုတယ်။

သူ(မ) က ချက်ချင်း ပြန်လှည့် ထွက်သွားတယ်။ ကျွန်မက က နောက်ကလိုက်ရင်း သူ့အခန်းလေးလိုက်မှတ်ရတယ် ။ အခန်း ၁၂ မှာ သူ(မ)ဝင်သွားတယ်။ သူ(မ) ကုတင် က ဝင် ဝင်ချင်း ကုတင်ပဲ ။ သူ့ဘေးက အလယ်ကုတင်မှာလည်း ကျောင်းသူသစ်တစ်ယောက်ရောက်နေပြီ။

နောက်ဆုံး ကျန်တဲ့ ကုတင် မှာလည်း ကျောင်းသူသစ်ဖြစ်ရင် ကောင်းမယ်။ ကျောင်းသူသစ်ဖြစ်ပါစေလို့ဆုတောင်းတယ်။ ဒါ မှ မဟုတ် လည်း မနှစ်က တစ်ဆောင် တည်း မနေခဲ့ရတဲ့သူပေါ့။ မနှစ်ကတစ်ဆောင် တည်း နေတဲ့သူတွေနဲ့တော့ မနေချင်တော့ ဘူး ။ အပယ်မခံချင်တော့ဘူးဆိုရင်ပိုမှန်မယ်။ သူ့အခန်းထဲမှာ ကျွန်မ ကို အနိုင်ကျင့်မယ့်သူ မရှိ တော့ရင် ကျွန်မလည်း သူနဲ့ သူငယ်ချင်း ဖြစ်ဖို့လွယ်တာပေါ့။
... ... ... ....
ကျွန်မတို့ ရောက်နေတာက ဆယ်တန်း ဘော်ဒါဆောင်ပါ။ ကျွန်မက ကိုးတန်းတည်းက တက်ခဲ့တာ ။အဆောင်က ၃လွှာ ဆောင် ၄လွှာဆောင် စသည်ဖြင့် ရှိတယ်။ ကျွန်မ က ၃လွှာ ဆောင်ပေါ့။ ကိုးတန်းမှာ သူငယ်ချင်း တစ်ယောက် မှ မရခဲ့တဲ့ အပြင် တစ်ဆောင် လုံးလည်း ကျွန်မ ကို မခေါ်ကြဘူး။ အခန်း ဖော်တွေကတော့အဆိုးဆုံးပေါ့။ ဆယ်တန်း မှာ အဲ့ အဆောင် က လူတွေနဲ့ တစ်ခန်း တည်း မကျပါစေနဲ့လို့ဆုတောင်းခဲ့တယ်။

2 Girls 1 BedWhere stories live. Discover now