Part 3

124 7 0
                                    

သင်္ကြန် ပိတ်ရက်မတိုင်ခင် ၂ ပါတ်လောက် မှာ အဆောင် စဝင်ရတာမို့ သိပ်မကြာခင်မှာပဲ သင်္ကြန် အိမ်ပြန်ရတော့မည်ဖြစ်သည်။ နှစ်စစချင်းမို့ စာတွေကမများသေးပဲ ပစ္စည်းတွေ သာ အေးဆေးသိမ်းနေကြသည်။ မိမိမှာတော့ ဟိုညက tutorial ကျလို့ အခေါက်ခံထားရတဲ့လက်ဆစ်တွေကြောင့် ပစ္စည်း သိမ်းပေမယ့်အရာမယွင်း။ ဘာမှသေချာကိုင်လို့မရသည်အထိဖြစ်နေသည်။
ခေါက်ခံရပြီးပြီးချင်းနောက်မနက်စာသင်ချိန်ကဆိုငိုတောင်ငိုခဲ့ရသည်။

'' အား ငါမသိမ်းနိုင်လို့ အိမ်မပြန်တော့ဘူးတော်ပြီ ''

''ယုမြတ် နင့် ဟိုကောင်မလေးနဲ့ ဘယ်လို လဲ အဆင်ပြေလား''

သူတို့ က မမေးလည်းအရမ်းအဆင်ပြေနေပုံပေါက်ပါသည်။ ရေချိုးလည်းတူတူ ၊ထမင်းစားလည်းတူတူ ။

'' ပြေတယ် သူကဟယ် ငါနဲ့ဆံပင်ပုံစံတူအောင်ဆိုပြီး အရှေ့ဆံမြိတ်လေးပါလိုက်ညှပ်ထားတာ ''

'' ငါနဲ့ လည်း တူသွားတာပေါ့''
မိမိ အရှေ့ဆံမြိတ်ကို ပြကာစလိုက်သည်။

'' ဟဲ့နင့်လက်က ယောင်ကိုင်းနေတာပဲ ၂ရက်တောင်ရှိပြီကို ဂျူလိုင်ဆီဆေးသွားတောင်းပါ့လား သူ့မှာဆရာခိုလားမသိဘူး ရှိတယ် ''

ဟုတ်ပါသည် ။ ဂျူလိုင်မှာရှိပါသည်။ သို့သော်မသွားပါ။ ဂျူလိုင် သည် စံပယ်နဲ့ကိုယ့်ကို လုံးဝ ခင်မင်ခွင့်မရအောင်လုပ်နေသည်။ စံပယ့်ကိုလည်းကြိုက်နေပုံပေါ်ပြီး ဟိုနေ့က ဆို တစ်ကုတင်တည်းတူတူ အိပ်နေကြသည်။ မိမိကိုလည်းလွန်စွာမှ အထင်သေးလွန်းတာကြောင့် ဂျူလိုင့်ကို မရမက ရှောင်မိသည်။

'' ဟဲ့ဆေးသွားတောင်းလို့ ''
ယုမြတ်က ထပ်ပြောသည်။

''တော်ပါပြီဟာ ထားလိုက် ပါတော့''

............................

ဒီနေ့နဲ့ဆို ဗိသုကာမေ ကို မတွေ့ရတာ အတော်ကြာနေပြီ ။ အတိအကျဆိုရလျင် ၂ ရက်တောင်ရှိပြီ။ ဒီအဆောင်မှာ နွေးနွေးထွေးထွေး ခံစားချက်ရသူမှာသူပဲရှိလို့ သူနဲ့ပဲ စကားပြောချင်တယ်။ နည်းနည်းလောက် စကားဆက်ပြောရရင် တကယ်အခင်ဆုံးသူငယ်ချင်းတွေဖြစ်တော့မှာ။ သူဘာလို့ မလာတာလဲ မသိ။ အရင်ကဆိုရေချိုးပြီးချိန်တွင် ကော်ဖီခွက်လေးနဲ့လာလေ့ရှိသည်။ ကုတင်ပေါ်မှာ ထိုင်ရင်း သူပြောချင်တာတွေပြောနေတတ်သည်။ တစ်ခါကလည်း ကိုယ့်လက်ရေးကို ရေနဂါးနဲ့တူလို့တဲ့။ အဲ့လိုထူးထူးဆန်းဆန်းလေးတွေ။ ဘယ်သူကမှမကြည့်ဖူးတဲ့ကိုယ့်လက်ရေးကိုသေချာကြည့်ပြီး ရေနဂါးလက်ရေးလေးဟုပြောသည့်အခါ နွေးထွေးရသည်။

You've reached the end of published parts.

⏰ Last updated: Sep 12, 2022 ⏰

Add this story to your Library to get notified about new parts!

2 Girls 1 BedWhere stories live. Discover now