Part 2

144 9 0
                                    

''ယုမြတ်ရေချိုးတော့မှာလား ငါ ခနအိပ်မလို့ နင်အခု မချိုးသေးဘူး ဆို ချိုးခါနီးကျ လာနှိုးပေးမလား''
ယုမြတ်က သူ့ကို အားကိုးရင်သိပ်သဘောကျတာ။
''ဟင့်အင်း နင်ဒီနေ့ တစ်ယောက် တည်းချိုး ငါ ဟိုတစ်ယောက်နဲ့ ချိုးမှာ''
သူပြောတဲ့ တစ်ယောက် ကို သိပါရဲ့။ နာရီ ကိုပဲ alarm ပေးပြီးအိပ်ရတော့မယ်။ အိပ်မယ်ဆိုကာမှ စုမြတ်က အခန်းထဲ ဝင်လာတယ်။

'' ဟဲ့ နင် ခေါင်းလျှော်မှာဆို ဒီနေ့''
ကုတင် ပေါ်လှဲနေရာကနေ ဝုန်းကနဲ ထထိုင်လိုက်မိတယ်။ ဟုတ်သားပဲ ခေါင်းလျှော် မလို့ ကို အိပ်လို့ မဖြစ် ဘူး။
''စုမြတ်က လေ အဖေလိုပဲနော် ''
စုမြတ်ကို လှမ်းစလိုက်တော့
''အေး နင့်အဖေကြီးလေ ငါက ''

........
ရေလဲထမီလဲပြီး ရေချိုး ခန်းဘက်ထွက်ခဲ့တယ်။ စံပယ် က ရေချိုး ခန်းထဲ ရောက်နှင့်နေပြီ ။

ဟိုနေ့က သူ့ဆီ မသွားဖြစ်လိုက်တာ ဘာကြောင့် လဲ သူလည်းသိမှာပါ ။ အဲ့နေ့ ညနေ က ကျောင်းအုပ်ကြီး ကအဆောင်ကိုလာစစ်ရင်း ​အိပ်ဖို့ပြင်နေတဲ့ ကိုယ့်ကိုတွေ့တော့ ဆူသွားတာမှ အကြီးအကျယ်ပဲ။ တစ်ဆောင် လုံးအသံတိတ်ပြီး ငြိမ်ကျသွားတာ။
''ကျောင်းသူဟောင်းဖြစ်ပြီး tutorial ကို ၁၁ မှတ် ပဲရအောင်ဖြေတယ် အားနေရင် စာမလုပ်ဘူး အိပ်နေတယ် နင်ဒီလိုပုံမျိုးနဲ့ ဆယ်တန်းအောင်မှာမဟုတ်ဘူး d ခန်းကကျောင်းသူသစ်ယွန်းစံပယ်တောင် အမှတ်အများကြီးရတယ်'' စသဖြင့်ဆူသွားတာ။
အခန်းအပြင်မှာ မတ်တပ်ရပ် လက်နောက်ပစ် ခေါင်းကို ငုံ့ထားတဲ့ ကြားက မျက်စိထောင့်မှာ စံပယ်ကို မြင်နေရတယ် ။ ဆရာမကြီးပြန်သွားတော့ သူ့ဆီ လည်း မသွားဖြစ်တော့ဘူး ။

''စံပယ်''
သူ့ကို မြင်မြင်ချင်း လှမ်းနှုတ်ဆက်လိုက်တယ်။
'' နင်ခေါင်းလျှော်မလို့လား ငါလည်း လျှော်မလို့''
စံပယ်က အမြဲ တက်ကြွနေတာ ။
'' ငါလည်း အဲ့ခေါင်းလျှော်ရည်ပဲ '' သူ့ခြင်းထဲက ခေါင်းလျှော်ရည်ဘူးကိုလှမ်းကြည့်ပြီးပြောလိုက်တယ်။
'' တိုက်ဆိုင် လိုက်တာ ''
ရင်ထဲမှာ ဘာမှန်း မသိတဲ့ လှိုင်းလေးကမြူးတူးခုန်ပေါက်ကာ ဖြတ်သွားတယ်။

ရေမြန်မြန်ချိုးပြီး တီရှပ်နဲ့ ဘောင်းဘီ တို တစ်ထည်ပဲဝတ်လိုက်တယ်။ ရာသီဥတုက တအားပူတော့ jjအရှည်တောင် မဝတ်နိုင်တော့ဘူး ။ အဆောင်ထဲမှာ ပဲဆိုရင်တော့ အတိုဝတ်လည်းရတယ်။

2 Girls 1 BedWhere stories live. Discover now