part (1)
(Unicode)
"ငါ့မြေးဘယ်မှာလည်း ဟမ်း ”
နန်းတော့သဖွယ် ကြီးမားကျယ်ပြန့်ပြီးလှပတယ့် ရှောင်စံအိမ်တွင် အိမ်ကြီးအရှင်သခင်မ ရှောင်ဟွား ရဲ့ဒေါသကြောင့် အိမ်စေလေးတွေမှာ ခေါင်းတောင်မဖော်ဝင့်ဘူး
"ဟို..သခင်လေး ကိုရှာမတွေ့သေးပါဘူး သခင်မကြီး"
ကိုယ်ရံတောင်ခေါင်းဆောင်ခများကြောက်ကြောက်လန့်လန့်နှင့် သခင်မကြီးရဲ့အမေကိုအဖြေပြန်ပေးတယ်
သူတို့သိပါတယ် သခင်မကြီးက သူမြေး ရှောင်သခင်လေးကို အရမ်းချစ်မှန်း အခုလည်းသူတို့ရဲ့ပေါ့ဆမှု့ကြောင့် သခင်လေးကအိမ်ကထွက်သွားလို့ရခဲ့တာမလား
"နိတို့ကလေးတစ်ယောက်ကိုတောင်အဖြစ်ရှိအောင် မစောင့်ကြည့်နိုင်ဘူးလား နိတို့စောက်သုံးကျတဲ့နေရာဘယ်နေရာရှိလည်းဟမ်း”
"တောင်းပန်ပါတယ် သခင်မကြီး ”
"တောက် တောင်းပန်တာမလိုချင်ဘူး သွားရှာသွား ငါ့မြေးပြန်ပါလာတာပဲလိုချင်တယ် သွားရှာကြ ငါ့မြေးကို ”
"ဟုကဲ့ပါသခင်မကြီး”
ကိုယ်ရံတော်တွေထွက်သွားတာနဲ့ ရှောင်ဟွား လည်း ထိုင်ခုံပေါ်ကို အရုပ်ကြိုးပြတ် လဲကြသွားတယ်
"မြေးရယ် ဖွား မင်းကို ချုပ်ချယ်တယ်ဆိုတာ ချစ်လို့ပါ မြေးကဖွားရဲ့ရင်ခွင်ထဲမှာမနေချင်တော့လို့ ထွက်ပြေးတာများလားကွယ် ဖွားမြေးကို သိပ်ချစ်လို့ချုပ်ချယ်မိတာပါ ကွယ်”
မျက်ရည်များစီးကျလျက် ဒီစကားများကိုပဲ ရေရွတ်နေမိတယ်
.........................................
"ဟင့် ဘယ်သွားရမလဲ အခု ”
ဖွားက အရမ်းချုပ်ချယ်တော့ ရှောင်ကျန့်အိမ်ကခိုးထွက်လာမိတယ် သူငယ်ငယ်ကမားမားတို့နဲ့အပြင်သွားရင်း လုယက် ခံရတယ် သူပါးပါးနဲ့မားမားကတော့ အာ့နေရာမှာပဲ လူယုတ်မာတွေရဲ့ သတ်ဖြတ်ချင်းကိုခံခဲ့ရတယ် ဖွားအချိန်မှီရောက်လာလို့ ဒီနေ့ထိသူအသက်ရှင်နေခြင်းဖြစ်တယ်