ဟင့် ဦးးနော် (part 2)
ရိပေါ ရှက်လွန်းလို့ မျက်နှာက ခရမ်းချဉ်သီးပမာ ရဲတက်လာတယ် ဘယ်နှယ့် ဗျာ ကျနော် ဟာက သူထက်ကြီးတယ်တဲ့
"ဟင့် ဦးးနော် ကျန့်ကျန့်ကိုမအော်နဲ့ ကျန့်ကျန့်ပြောတာဘာမှားလို့လည်း ဦးအသက်က ကျန့်ကျန့်ထက်ကြီးတာပဲကို ကျန့်ကျန့်က ခုမှ18နှစ်ပဲရှိသေးတာ"
"အယ် ကိုယ်က ကလေးကိုအော်တာမဟုပါဘူးကွာ ဒီတိုင်းလန့်သွားလို့အော်လိုက်တာပါ "
'စောက်ကလေးအခုန ထဲက စကားကိုရှင်းရှင်းလေးပြောပါလား ' စိတ်ထဲကသာမကျေမနပ်ပြောနေပေမယ့် မျက်နှာကအတက်နိုင်ဆုံးဖြီးထားရတယ်
"ဟိုလေ ဦးး ကျန့်ကျန့်ဗိုက်ဆာလို့"
"အယ် ခုနပဲစားထားတယ်မလား ကလေးရဲ့ အခုထပ်စားရင် အစာမကျေ"
"ဟင့် ဦးးနော်"
ရိပေါစကားတောင်မဆုံးသေး မျက်နှာငယ်လေးနဲ့ ထအော်တဲ့ ကလေးပေါက်လေး အလိုလိုက်လို့မရဘူး ဟုတယ်အလိုလိုက်လို့မရဘူး စိတ်ထဲကသာအာ့လိုအော်နေပေမယ့် ပါစပ်ကတဂယ်တမ်းထွက်သွားတာက
"ကလေးဘာစားချင်လည်း ကိုယ်deliနဲ့မှာလိုက်မယ်"
ဟုတယ်လေ ဝယ်မကျွေးဘူးဆိုမှ သူအိမ်ပြန်မယ်လုပ်ရင် ရင်ကျိုးရမှာက ဒီလူပဲ (အမလေး ရှင်အတော်ဖြစ်နာနော် ကြည့်နေတယ် မပြောသေးဘူး🙄)
"ဟီးးပီဇာ"
"အင်း တော်ပြီလား "
"ဟိုလေ "
ပြောဖို့မဝင့်ဝရဲပုံစံလေးနဲ့ လူကိုမျက်လုံးရွဲ့ကြီးတွေနဲ့ ပြန်ကြည့်နေတယ်
"အင်းပြောပါ ကလေးရဲ့ ဘာစားချင်သေးတာလည်း "
အာ့ခါကျတော့မှ
"ကြက်ကြော် ၂တုံးနဲ့ ကိုလာ လေးပါမှာပေးနော်"
"ကိုယ်မှာလိုက်ပြီ ခနနေရောက်မယ်နော် အခုဘာလုပ်မလဲ ကလေးပေါက်"
"ကာတွန့်ကား ကြည့်မယ် ဦးး Oggy ဖွင့်ပေး"
ကလေးပေါက်ပြောတဲ့ ရုပ်ရှင်ကိုဖွင်ပေးခဲ့ပြီ သူ့မန်နေဂျာ ကျန်းချန်းကိုဖုန်းဆက်ဖို့ဝရံတာကိုထွက်လာခဲ့လိုက်တယ်