Episode 6

217 24 0
                                    


နေ့ရက်တွေကနေ လတွေဆီ ကူးပြောင်းလာလိုက်တာ အခုဆို ရိပေါ်အိမ်တောင်သိပ်မပြန်ဖြစ်တော့ဘူး ။

အကိုက တစ်ခါတစ်လေဆိုရင် ကလေးဆိုးလေးလိုပဲ တစ်ခုခုဆိုးရင် ရိပေါ်မလုပ်ပေးမချင်း ကပ်ချွဲနေလိုက်တာ ။

အခုလဲ အကိုရဲ့ ကပ်ချွဲမှု့နဲ့ ရိပေါ် ပုံဆွဲပေးရမယ့်နေ့ပေါ့
ရှောင်းကျန့်နဲ့ ရိပေါ်လဲ မနက်ကတည်းက မုန့်တွေစားစရာတွေ ထုတ်ပိုးပြင်ဆင်ရင်း Sumida River မြစ်ကမ်းဘေးကို ထွက်လာခဲ့ကြတယ် ။

Sumida မြစ်က တိုကျိုရဲ့ အထင်ကရနေရာထဲက တစ်ခုပေါ့ ။
နွေဦးဆိုရင် မြစ်ကမ်းဘေးမှာ ပွင့်လန်းနေတဲ့ ဆာကူရာပင်ရဲ့ အလှအပက ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးနေရာ တစ်ခုပေါ့

ရှောင်းကျန့်နဲ့ ရိပေါ်လဲ မြစ်ကမ်းဘေးက အရိပ်ကောင်းကောင်းသစ်ပင်အောက်မှာ နေရာယူကြရင်း ရိပေါ်ကတော့ ပန်းချီဆွဲဖို့ စုတ်တံတွေကိုပြင်ဆင်ရင်း ဆေးရောင်စပ်နေတော့တယ် ။

“အကို ဟိုရေစပ်နားလေးမှာထိုင် “

“ဟုတ်ပါပြီဗျ ခင်ဗျားလေးသဘောပါ “

ရိပေါ်က ပုံမှန် ပန်းချီဆွဲလေ့မရှိပေမယ့် ဆွဲသမျှဟာ အနုပညာမြောက်လွန်းတယ် ။

လူတွေက စိတ်ဝင်စားတဲ့အရာကိုလုပ်နေတဲ့အချိန်မှာ ဆွဲဆောင်မှု့အရှိဆုံးတဲ့ ။

ချစ်မြတ်နိုးရသူရဲ့ပုံကို တစိမ့်စိမ့်ကြည့်ရင်း နှစ်သက်ရတဲ့ ပန်းချီဆွဲတဲ့အရာကိုပါ တစ်ပြိုင်တည်းလုပ်နေရတဲ့ ရိပေါ် မျက်နှာမှာတော့ အပြုံးတွေကဝေဆာနေတယ် ။

ရိပေါ်ဆွဲထားတဲ့ ပန်းချီကားထဲက ရှောင်းကျန့်ရဲ့ မျက်လုံးတွေက အသက်ဝင်လွန်းတယ် ။
အချစ်တွေနဲ့ပြည့်နှက်နေတဲ့ မျက်ဝန်းတစ်စုံပေါ့ ။
ဒါမှမဟုတ် ရှောင်းကျန့်ကိုယ်တိုင်ကလဲ ချစ်ရည်ရွှန်းလဲ့စွာနဲ့ ပန်းချီဆရာလေးကိုငေးနေခဲ့တာလဲ ဖြစ်နိုင်တာပေါ့ ။

“ပြီးပြီ ရေး “

“ကိုယ့်ပန်းချီဆရာလေးက တော်လိုက်တာ “

“မြှောက်ပြောမနေပါနဲ့ သာမန်ပဲကို “

“ဒီပုံ အကို့ကိုပေးမယ်မလား “

Pretty SummerWhere stories live. Discover now