Episode 8

260 8 3
                                    

“ရိပေါ် …….ရိပေါ် “

“ဗျာ”

“အကိုပြောတာ နားထောင်နေရဲ့လား “

“ဟုတ် …ဟုတ် နားထောင်နေပါတယ် “

“ကို့ ဘဝမှာ ရိပေါ်ကအလင်းရောင်လေး ရိပေါ်သာကိုယ့်ဘေးရောက်မလာခဲ့ရင် ကိုယ့်ဘဝကဒီချိန်အထိ အတိတ်ကနေ ရုန်းထွက်နိုင်ဦးမှာမဟုတ်ဘူး
လောဘကြီးတယ်ဆိုပေမယ့်လဲ ရိပေါ်ကို ကိုယ့်အပိုင်လေးပဲဖြစ်စေချင်ခဲ့တာ “

“…….”

“ရိပေါ်ကို ဖိအားမပေးပါဘူး ရိပေါ်အနေနဲ့လဲ ယောက်ျားလေးနှစ်ယောက်ရဲ့ချစ်ခြင်းဖြစ်တာမလို့ တွေဝေ….”

ရှောင်းကျန့်ရဲ့နှုတ်ခမ်းပေါ်ရောက်လာတဲ့ ရိပေါ်ရဲ့လက်ညှိုးလေး
ရှေ့ဆက်ပြောလာမယ့်စကားတွေကိုမပြောစေချင်ပုံပါဘဲ ။

“ကျွန်တော်က စတွေ့ကတည်းက အကို့ရဲ့ မျက်ဝန်းညိုညိုနဲ့ မှဲ့နက်လေးကိုစွဲလမ်းခဲ့ရတာပါ  အကို့ကိုလဲ ကျွန်တော်ချစ်နေခဲ့တာ “

“ဒါဆို ရိပေါ် ..ရိပေါ်က ကို့ ကိုလက်ခံတယ်ပေါ့နော် “

“ရား Yibo ‘s radio channel ကနှစ်ခါမလွှင့်ဘူး ဒါဘဲ”

“ဒီနေ့ညတော့ လမင်းကြီးကတောင် ကို့ကိုမနာလိုတော့မှာပဲ ဒီလောက်ချစ်စရာကောင်လေးကို အပိုင်ရသွားလို့တဲ့ “

ရိပေါ်ကိုယ်လေးကို ရင်ခွင်ထဲဆွဲထည့်ရင်း ပြုံးပျော်နေတဲ့ကောင်လေးတစ်ယောက်နဲ့ အရှက်သည်းနေတဲ့ ကောင်လေးကြောင့် လမင်းကြီးကတော့ တိမ်စိုင်တွေထဲ ရှောင်ပြေးလို့သွားတော့တယ် ။

အမြဲတမ်းတောင့်တခဲ့ရတဲ့ အကို့ရဲ့ ရင်ခွင်ကျယ်ဟာ ရိပေါ်ထင်ထားတာထက်ပိုနွေးထွေးပါတယ် ။
ပြုံးနေတဲ့ အကို့မျက်နှာက ရိပေါ်အတွက်တော့ တစ်သက်စာ နောင်တရစရာမရှိခဲ့ဘူး ။

ဒီညကတော့ အပြုံးကိုယ်စီနဲ့ ကောင်လေးနှစ်ယောက်ကြား ရင်ခုန်သံတွေထပ်တူကြခဲ့တဲ့ ညလေးပေါ့ ။

ရိပေါ်လဲ သူ့အိမ်ကိုပိတ်ထားခဲ့တာကြာပြီ အကို့ကိုပြုစုရင်း ဒီဘက်အိမ်မှာပဲလာနေဖြစ်တော့တယ် ။
အရင်က တစ်ယောက်တစ်ခန်းဆီခွဲအိပ်ကြတဲ့ကောင်လေးနှစ်ယောက်က အခုတော့ တစ်လှမ်းဆီတောက်မဝေးနိုင်တော့လွန်းလို့ နှစ်ယောက်တစ်ခန်းပေါင်းနေကြတဲ့အထိဘဲ။

You've reached the end of published parts.

⏰ Last updated: Feb 12, 2023 ⏰

Add this story to your Library to get notified about new parts!

Pretty SummerWhere stories live. Discover now