Episode 5

253 28 3
                                    

နွေဦးရောက်ခါစပြုလို့ ကောင်းကင်ကြီးကတိမ်စိုင်တွေ ရှင်းလင်းလို့ လမင်းကြီးက အလင်းရောင်တွေဖြန့်ကျက်ထားတယ် ။

ရှောင်းကျန့်လဲ ဝရံတာလေးမှာ ကော်ဖီပူပူလေးကိုအဖော်ပြုရင်း အတိတ်ကိုပြန်တွေးနေမိတော့တယ် ။

သူအချိန်အကြာကြီး ထွက်ပြေးနေလို့မှမရတာ ။

အချိန်အကြာကြီးမသုံးဘဲပိတ်ထားတဲ့ ဖုန်းလေးကိုပြန်ဖွင့်မိတော့ ယွီပင်းဆီက အစီရင်ခံစာတွေတသီကြီး ။

ဖြစ်ခဲ့သမျှတွေ အကုန်ပြန်မြင်ယောင်လာတာကြောင့်ဖုန်းကို ချက်ချင်းပဲ ပြန်ပိတ်လိုက်မိတော့တယ် ။
ယွီပင်းပြောထားတာတွေတောင် မဖတ်မိ။

“အကို အဆင်ပြေရဲ့လား တစ်ခုခုဆိုရင် ကျွန်တော်ဘေးမှာရှိနေတာဘဲပြောပြလို့ရတယ်နော် “

“အင်း ရိပေါ် “

ရိပေါ်လဲ ရှောင်းကျန့်ဘေးမှာ ဝင်ထိုင်ရင်း တိတ်တိတ်လေးသာ နေပေးလိုက်တယ် ။

“ရ်ိပေါ် လူတွေကလေ ဘာလို့ရေနစ်နဲ့တဲ့သူကိုဝါးကူထိုးကြတာလဲ “

“သူတို့မမှီနိုင်တဲ့နေရာရောက်နေလို့ပေါ့ လူတွေရဲ့စိတ်ကအောင်မြင်နေရင် မနာလိုကြတာပဲလေ”

“အကိုအရင်က နာမည်ကြီးမင်းသားဖြစ်ချင်ခဲ့တာ
ငယ်ငယ်လေးကတည်းက အကိုရူးသွပ်ခဲ့တဲ့အလုပ် ၊
အဟက်…..အခုတော့ အခုတော့ အကုန်လုံးက မြောင်းထဲရောက်ကုန်ပြီ “

“အော်…အကိုရယ် လောကကြီးကမျဉ်းဖြောင့်မှမဟုတ်တာ အနိမ့်အမြင့် အတက်အကျရှိတယ်လေ ။
ကျွန်တော်ဆိုလဲ မားမားဆုံးတော့အရာအာလုံးဆုံးရှုံးလိုက်ရသလိုပဲ ။
ပါးပါးကလဲ နောက်အိမ်ထောင်ပြုလ်ိုက်တယ်လေ ။
ညီမလေးကလဲ ပါးပါးတို့နဲ့ကျန်ခဲ့တယ် ကျွန်တော်ကတော့အခုထိ တရုတ်ကိုမပြန်ချင်သေးဘူး “

“အကိုလဲ မပြန်ချင်သေးဘူး  “

“ ဝမ်းနည်းစရာရှိရင် ဗိုက်ပြည့်အောင်စားတဲ့ လာ ဆူရှီသွားစားရအောင် ကျွန်တော်ကိုယ်တိုင်လုပ်ကျွေးမှာနော် ။စပရှယ် မီနူး “

“ဟုတ်ပါပြီဗျ ရိပေါ်က လုပ်ကျွေးမယ်ဆိုတော့လဲ အကိုက စားရမှာပေါ့ “

ဧပရွန် အပြာရောင်လေးဝတ်ထားပြီး ဆူရှီလုပ်နေတဲ့ ကလေးဟာ ရှောင်းကျန့်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာလေး ။

ရှောင်းကျန့်လဲ သူကိုယ်သူအခုထိနားမလည်သေး
ဒီကလေးအပေါ်မှာ ချစ်မိနေတာလား သံယောဇဉ်ရှိနေတာလား ။

ချစ်တယ်ဆိုတာနဲ့ သံယောဇဉ်ရှိတယ်ဆိုတဲ့ စကားနှစ်ခွန်းကအလွှားပါးပါးလေးပေမယ့် အဓိပ္ပာယ်ကွဲပြားလွန်းတယ် ။

သူသိတာ ရိပေါ်နဲ့ရှိနေရင် သူပျော်တယ် ၊ရိပေါ်အနားမှာနေရတာ သူ့အတွက်နွေးထွေးတယ် ။
ဒါတွေက အချစ်လို့ခေါင်းစဉ်တပ်လို့ရပါ့မလား ။

Romance ဇာတ်လမ်းတွေသရုပ်ဆောင်ဖူးပေမယ့် ဒီခံစားချက်ကတော့ သူကိုယ်တိုင်တောင်ဝေခွဲလို့ မရနိုင်ဘူး ။
အင်း……အချစ်ကရှုပ်ထွေးတယ် ။

ဝရံတာမှာ လမင်းကြီးကိုကြည့်ရင်း ငေးမောနေတဲ့အကိုက ရိပေါ်အတွက်တော့ လှပတဲ့ထောင်ချောက်လေး ။
ရိပေါ်ကိုယ်တိုင် လှလှပပ တိုးဝင်ချင်တဲ့ ထောင်ချောက်လေး ။

အဲ့နေ့ကပေါ့ အကိုရဲ့မျက်ဝန်းတွေက တဆင့်ကြေကွဲနေတဲ့အကို့စိတ်ကို ခံစားမိတယ် ။
ဘာကြောင့်ရယ်မှန်း မသ်ိ ဒီလူ့ကို ပျော်ရွှင်အောင်လုပ်ပေးချင်လိုက်တာ ဆိုတဲ့အတွေးက အကိုနဲ့စစတွေ့ချင်းကတည်းက ဖြစ်ပေါ်မိတာ ။

အနေနီးလာလေလေ ရိပေါ်သံယောဇဉ်တွေတိုးလာလေလေ ဖြစ်ပေမယ့် အကိုက ဒီ့ထက်မြင့်တဲ့နေရာနဲ့ထိုက်တန်တဲ့သူမလား ။

ကြယ်လေးဆိုတာ ကောင်းကင်နဲ့ပဲလိုက်ဖက်တာမလို့ ကျွန်တော့်အပိုင်ဖြစ်ပေးပါလို့ မတောင်းဆိုရဲဘူး အကို။

Pretty SummerWhere stories live. Discover now