you belong with me

612 45 9
                                    

ရှောင်းကျန့်တစ်ယောက်ထဲကပဲ ဝမ်ရိပေါ်ကို နားလည်ပေးနိုင်တဲ့သူဆိုတာ
ကာယကံရှင် ဝမ်ရိပေါ် မြင်နိုင်မယ်ဆိုရင် ...

...

ခပ်လှမ်းလှမ်းမှာရှိတဲ့ ဝက်သစ်ချပင်အောက်မှာ ဝမ်ရိပေါ်က ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတယ်။ စိတ်ဆိုးနေတဲ့ သူ့ကောင်မလေးနဲ့ ဖုန်းပြောနေတယ်လေ။ ဒီနေ့ရာသီဥတုက ကောင်းပါတယ်။

ဝမ်ရိပေါ်ရဲ့မျက်နှာအမူအရာကတော့ အမှောင်ကျနေတဲ့မိုးကောင်းပေါ်မှာ လေနီကြမ်းတွေခတ်ထန်နေသလိုပဲ။ ပြောလိုက်တဲ့ စကားအခွန်းတိုင်းက စာထိုင်ဖတ်နေတဲ့ ရှောင်းကျန့်ကိုပါ စိတ်ရှုပ်ခြင်းတွေကူးစပ်စေတဲ့အထိ တော်တော်လေးမူပျက်နေတယ်။
ကြည့်ရတာ ဝမ်ရိပေါ်တစ်ခုခုပြန်ပြောလိုက်တာကို သူမဘက်ကပေါက်ကွဲမပြီးနိုင်ဖြစ်နေပုံပေါ်ပါတယ်။

စာဆက်ဖတ်လို့မရမဲ့အတူတူ ရှောင်းကျန့် လေပူသာမှုတ်ထုတ်လိုက်ပြီး စာအုပ်မျက်နှာပြင်ပေါ် လက်ထောက်မေးတင်ပြီးတော့ကို ပွဲပဲထိုင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
မနေ့ကတည်းက ဝမ်ရိပေါ် ရှောင်းကျန့်ကို ပြောပြပါတယ်။ သူနဲ့သူ့ကောင်မလေး ကတောက်ကဆတ်ဖြစ်ကြတယ်ပေါ့။ ရှောင်းကျန့်ကသူ့ရဲ့အမြင်အတိုင်း သူမဘက်ကစကားမှားကြောင်းကို ချက်ကျလက်ကျထောက်ပြပေးခဲ့တယ်။ ဒီအချက်က ဝမ်ရိပေါ်အတွက်အကြံအိုက်စေခဲ့တာပဲ။ ဝမ်ရိပေါ်ကရှောင်းကျန့်မှန်ကြောင်း ရာနှုန်းပြည့်ထောက်ခံချင်နေခဲ့တာလေ။ ဒါပေမယ့် သူက သူ့ကောင်မလေးဘက်ကနေပဲ တစ်ဖန်ပြန်ကာပြောပေးဖို့ ရွေးချယ်သွားခဲ့တာ။

တကယ်တမ်းပြောရရင် သူမက ရှောင်းကျန့်လိုမျိုး ဝမ်ရိပေါ်ရဲ့စိတ်နေသဘောထားကို နားမလည်ဘူး။ နားလည်နိုင်မယ့်ပုံလည်းမပေါ်ပါဘူး။ ဒါကြောင့်လည်း ...

ရှောင်းကျန့် တွန့်ကွေးချင်နေတဲ့နှုတ်ခမ်းကို ဖိကြိတ်ထားလိုက်မိတယ်။ ရှိုက်သံပြင်းပြင်းနဲ့ ဝမ်ရိပေါ်က သူ့ဖုန်းကိုလက်ကနေကျိုးကြေမတတ် ဆုပ်ကိုင်ထားပြီး လာနေပြီမလို့လေ။

"ပြသနာစိစစ်သူက တစ်နေ့တစ်မျိုးမရိုးရဘူးနော်။ မင်းတော့အပျင်းပြေမှာပဲ"

MelomaniacWhere stories live. Discover now