သူတို့နှစ်ယောက်လုံးရဲ့ကိုယ်ငွေ့တွေနဲ့ ကားအတွင်းထဲက အပူချိန်ကတော်တော်မြင့်နေပြီ။ ပြင်းပြင်းပြပြအသက်ရှူသံတွေကလည်း အချိန်တွေတိုက်စားလာတာနဲ့အမျှ တစ်ဆင့်ချင်းစီလျော့ကျလာခဲ့ပြီ။
"ကိုယ်တို့ ဒီမြို့ကနေထွက်သွားကြရအောင်"
"ဘာ"
ရှောင်းကျန့်အလန့်တကြားနဲ့ သူ့ရင်ဘတ်ပေါ်ခန္ဓာကိုယ်တစ်ခုလုံးပစ်ဝင်ထားပြီး မျက်နှာအပ်ပါထားရာကနေ ထဖို့ပြင်တယ်။ ဒါပေမယ့် သူ့ရဲ့လက်ကြီးကြီးတစ်ဖက်က ခွင့်မပြုခဲ့ဘူး။ ရှောင်းကျန့်ရဲ့ဦးခေါင်းကိုထိန်းကိုင်ထားပြီး တချပ်ချပ် စက္ကန့်လက်တံတွေလိုမျိုး တဒိန်းဒိန်းခုန်မြည်နေတဲ့ သူ့ရဲ့ဘယ်ဘက်ရင်အုပ်ပေါ် ထပ်မံမှေးအိပ်စေပြန်တယ်။
"လူတွေနဲ့ဝေးတဲ့မြို့ပြင်ကို ကားမောင်းပြီးထွက်ပြေးကြရအောင်"
"အခုလည်းမြို့ပြင်ကိုရောက်နေတာ မဟုတ်ဘူးလား"
သူ့ရဲ့ကမ်းလှမ်းချက်ကိုအဖြေပေးမဲ့အစား မှိန်ဖျော့ဖျော့အလင်းရောင်အောက်က သူ့မျက်နှာကို အချိန်တစ်ခုလောက်ထိ ငေးကြည့်ပြီး ရွှတ်နောက်နောက်ပြန်ပြောလိုက်တယ်။ ရှောင်းကျန့်က
သူ့အောက်နှုတ်ခမ်းကိုကိုက်ဆွဲဖို့ အနည်းငယ်ကိုက်ခဲနေတဲ့ခါးကိုဆန့်လိုက်တယ်။ ပြီးတော့ လျှာဖျားလေးနဲ့ ညင်ညင်သာသာလေးတို့ထိတယ်။ သူ့ပေါင်ပေါ်ခပ်လျှောလျှောခွထိုင်နေရာကနေ တင်ပါးကိုအနည်းငယ်ကြြွပီး ရှေ့နောက်ပွတ်ဆွဲလိုက်တယ်။ ဒီလုပ်ဆောင်ချက်က ဒါရိုက်တာဝမ်ကို နီနီရဲရဲရှောင်းကျန့်နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းနမ်းရှုပ်ရုံအပြင် ကားအတွင်းကလေထုဖိအားကိုပါ နောက်ထပ်တစ်ကြိမ်အပူချိန်မြင့်မြင့်နဲ့တောက်လောင်စေဖို့ တွန်းအားပေးလိုက်သလိုပါပဲ။အခုအချိန်မှာ ကောင်းကင်ဘုံကတောင် ငါ့ကိုကယ်နိုင်မှာမဟုတ်ဘူးလို့ ငါထင်ခဲ့မိတယ်။ ဘယ်အရာမှ မတည်မြဲဘူးဆိုပေမယ့်လည်း အဲ့တာတွေကပဲ ငါ့ကိုပြိုလဲအောင်လုပ်နေတာ။
"ငါ့ကိုနမ်း ဝမ်"
ဖော်ပြခွင့်မရှိတဲ့အရာတစ်ခု ဖြစ်တည်လာပြီဆိုကတည်းက ဇာတ်သိမ်းကို ငါသိပါတယ်။
ဇာတ်လမ်းအဆုံးသတ်ကို အစပိုင်းလိုမြင်နိုင်တဲ့ ငါ့ရဲ့အခြေအနေလေးကတော့
YOU ARE READING
Melomaniac
Short Storyi converted my favorite songs into bjyx fanfic (one shot) and improvised them. with my aimless, i also drew the lyrics to the song. ayy! i hope you guys enjoy this book. ><