An Unrequited Love; breaking point
ဝမ်ရိပေါ်က အေးတိအေးစက်နိုင်သည်အလျောက် လူတိုင်းအပေါ်ခပ်တန်းတန်းသာ ဆက်ဆံသည်။ သူ၏ ရှေ့နောက်မငဲ့ ပြောင်ပြောင်ဘွင်းဘွင်း ထုတ်ဖော်ပြသမှုနှင့် အတိအလင်းပြတ်သားမှုများသည် လူတစ်ဖက်သားအား ရေခဲဆူးအတိထိုးသွင်းရာရောက်၏။ ရှောင်းကျန့်သည်လည်း ထိုစက်ဝိုင်း၌ လွတ်မြောက်ခြင်းမရှိခဲ့ချေ။ ထို့အပြင် မိမိမှာ ထိုလူ့အပေါ် တစ်ဖက်သတ် နစ်မြှုပ်နေသူဖြစ်တာကြောင့် အခြားလူများထက် အဆပေါင်းထက်မက ပိုမိုနစ်မွန်းရပါ၏။
ရှောင်းကျန့်သည် သူ၏အချစ်များကို ဖုံးကွယ်သိုဝှက်ထားခြင်းမရှိသည့်အလျောက် ကြိမ်ပေါင်းများစွာ ဝန်ခံဖွင့်ပြောဖူးခဲ့ပါသည်။ အကြိမ်တိုင်းလည်း ထိုသူက မိမိ၏အချစ်များကို ဘယ်တော့မျှ လက်ခံခဲ့ခြင်းမရှိခဲ့သလို ပြန်လည်ပေးကမ်းမှုလည်း အတန်ငယ်ပင်မရှိခဲ့ချေ။ တစ်ယောက်တည်းလျှောက်လှမ်းခဲ့ရသော အချစ်ခရီးလမ်း၏ တစ်ဖက်ခြမ်းက အပြန်လမ်းသည် အေးစက်စွာခြောက်ကပ်တိတ်ဆိတ်နေခဲ့၏။ သူ့အားချစ်ကြောင်း များများပိုပြီး ဖွင့်ဟထုတ်ဖော်ပြသလေ ထိုသူက မြန်မြန်ပိုပြီး ကန့်လန့်တိုက်စိမ်းကားလေဖြစ်သည်။
ဝမ်ရိပေါ်သည် ရှောင်းကျန့်၏အချစ်ကို ဘယ်တော့မျှ ထပ်တူထပ်မျှ အပြန်အလှန် ပေးကမ်းလိမ့်မည်မဟုတ်ပေ။
ယတိပြတ်ငြင်းပယ်ထားပါလျက် အကြိမ်ကြိမ်အခါခါ မရပ်တန့်နိုင်သောချစ်တံခွန်လို ရွာကျနေသည့် ဝန်ခံမှုတို့၌ ဝမ်ရိပေါ်သည် အတိတ်တဆိတ်မကြည်နူးမိဘူးလို့ ပြောမိလျှင် မလိမ်ညာရာကျပေမလိမ့်မည်။ အထူးသဖြင့် တစ်ခါငြင်းတိုင်း ပိုမိုခါးသီးအေးစက်လာသည့် စကားလုံးများကြောင့် ကူကယ်ရာမဲ့စိတ်ပျက်အားငယ်နေသည့် မျက်နှာလေးကို စိုက်ကြည့်ရခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အခိုက်အတန့်များပင်ဖြစ်သည်။ ဝမ်ရိပေါ်သည် အင်မတန်သွေးအေးရက်စက်လှပါသည်။ သူသည် မမျှတသောချစ်ခြင်မေတ္တာ၌ စံနမူနာယူထိုက်သူတစ်ဦးဖြစ်ပေ၏။ချစ်မေတ္တာတို့၏သာယာချိုမြိန်သော နှလုံးသားသွန်းလောင်းသံတို့ကို ကြားလျှင်ကြားချင်း ဝမ်ရိပေါ်သည် မထီမဲ့မြင်ပြုကာ လှောင်ပြောင်သရော်လိုက်ပြန်သည်။ မည်သို့ပင်ဆိုစေကာမူ သကာရည်လွှမ်း ပျားရည်ရွှမ်း စကားလုံးလေးများသည် အဆုံး၌ အပြစ်တင်ရှုံ့ချခံရမှုဖြင့်သာ နိဂုံးချုပ်ရပြန်၏။
YOU ARE READING
Melomaniac
Short Storyi converted my favorite songs into bjyx fanfic (one shot) and improvised them. with my aimless, i also drew the lyrics to the song. ayy! i hope you guys enjoy this book. ><