heart vacancy

305 22 9
                                    

ကြီးမားလွန်းတဲ့ ဝက်သစ်ချပင်ကြီးတစ်ပင်အောက်မှာ ဝမ်ရိပေါ် တပလ္လင်ခွေထိုင်နေတယ်။ သူ့အရွယ်သူများတွေ ချစ်သူရည်စားကိုယ်စီ ရင်ဝယ်ပိုက်နေချိန်မှာ သူကတော့ ဂီတာတစ်လုံးပေါ်မေးတင်တုန်း။ ရိပေါ် သူ့ရင်ခွင်ထဲက solid-body electricဂီတာတစ်လုံးကို အဝတ်နဲ့သန့်ရှင်းနေပြီး ဖြတ်သွားဖြတ်လာ တစ်တီတူးအချစ်ဌက်တွေကို မျက်စိရှုပ်စွာထိုင်ကြည့်နေတယ်။

အရပ်လေးမျက်နှာ . . အရပ်ရှစ်မျက်နှာ . . အရပ်ဆယ်မျက်နှာပြည့်မြောက်စေဖို့ ဝက်သစ်ချပင်ပေါ်က ပူးကပ်နေတဲ့ရှဥ့်နှစ်ကောင်နဲ့ သူထိုင်နေတဲ့မြက်ခင်းပြင်အောက်ကမြေတွင်းထဲက လိမ်ခွေနေတဲ့တီကောင်နှစ်ကောင်က ပါရမီဖြည့်ပေးကြပါတယ်။

. . . သူ့ဘဝဝဋ်တွင်းက ‌ရွှေကုသိုလ်မြေပြန်ဖို့မယ်ဆိုရင်တောင် မလောက်ငှနိုင်တော့ပါလား။
နံဘေးမှာအသင့်ချထားတဲ့စာအုပ်တစ်အုပ်က စာမျက်နှာတွေမှာ ခြစ်ရာဖျက်ရာပလပွက အကြဉ်းတန်စွာနေရာယူထားတယ်။ ယခုထိတိုင် ဟ(တ်)ထ်ထိစေမယ့်စာတစ်ကြောင်းရယ်ဆိုပြီး ဖြစ်ဖြစ်မြောက်မြောက်မစရသေး။ ရိပေါ် သူ့လက်ထဲက ကြေမွနေပြီဖြစ်တဲ့ စက္ကူအပိုင်းအစလေးကို နာကြည်းစွာကြည့်လိုက်တယ်။ စက္ကူစပေါ်မှာရေးထားတဲ့စာလုံးတွေက သူ့နှလုံးသားကိုအစာသိပ်ပြီးရေညှိဖက်နဲ့ ရောလိပ်လိုက်သလိုပဲ။

[ချိုမြိန်သောအချစ်သီချင်း- POP, R&B, Electropop]

အနောက်စာလုံးသုံးလုံးကကယ်နေပေလို့သာ ရိပေါ်အသက်ရှူချောင်ရတယ်။ နတ်ဘုရားတွေက သူ့ကိုပစ်ပယ်မထားကြဘူးဘဲ။ သို့သော်ငြားလည်း ဝမ်ရိပေါ် ဒုတိယအကြိမ်မျက်ရည်တစ်စက်ထပ်ကျမိသွားတယ်ထင်တယ်။ ပထမအကြိမ်က ဟောခန်းထဲမှာကျတဲ့မျက်ရည်ဖြစ်ခဲ့တယ်။

ရိပေါ်တက်ရောက်နေတဲ့အနုပညာကျောင်းမှာ သူ့bandအပါအဝင် အဓိကနာမည်ကြီးband၇ဖွဲ့ရှိတယ်။ မဝေးတော့တဲ့ကျောင်းပွဲတော်နေ့မှာလည်း ကိုယ့်အဖွဲ့နဲ့ကိုယ်ဖျော်ဖြေဖို့အစီစဉ်တွေရှိကြတယ်။

ဒါပေမယ့် ဘယ်သူမှမထင်ထားခဲ့မိဘူး . . သူတို့ရဲ့လှပလွန်းတဲ့အိပ်မက်တွေကို နည်းပေးလမ်းညွှန်ဆရာတွေက တံမြက်စည်းနဲ့အားကြီးလှဲချသွားကြလိမ့်မယ်ဆိုတာ။

MelomaniacWhere stories live. Discover now