part 1

486 20 2
                                    

ပိန်းတောရွာလေးဟာသာသာယာယာနဲအင်မတန်အေးချမ်းသာယာလှပါတယ်။
ရွာသူကြီးဦးသာထက်ဟာရွာသူရွာသားတွေကိုကျောသားရင်သားမခွဲခြားပဲတန်းတူအုပ်ချုပ်နေတာကြောင့်ရွာဟာစည်ပင်ဝပြောလှပါတယ်။

ရွာရဲ့ချစ်လှစွာသောသူကြီးဆီမှာလွန်းသာထက်ဆိုတဲသားနဲ့သွန်းသာထက်ဆိုတဲ့သမီးတို့ရှိတယ်။လွန်းသာထက်ဟာဖခင်ရဲလက်ငုပ်လက်ရင်းစီးပွားရေးများကိုဦးစီးကာလုပ်ကိုင်ပေးနေပြီးလူချစ်လူခင်ပေါလှသူလေးပေါ့။
သွန်းသာထက်ကလဲရုပ်ချောသဘောကောင်း
သူလေးပေါ့။သွန်းသာထက်ကိုရွာထဲက
ကာလသားများဟာအသေရရအရှင်ရရလိုချင်သူများပါ။အဲ့ထဲကမှသွန်းသာထက်ရဲ့မူပိုင်ရှင်ကတော့အေးချမ်းကိုဆိုတဲ့ကောင်လေးပေါ့။အေးချမ်းကိုကတော့ချစ်သူကိုချစ်ပေမဲ့အနားတောင်မကပ်ရဲတဲ့သူပါ။သူ့အကိုလွန်းသာထက်ဟာအကောင်သေးသလောက်အတော်ကြောက်ရသူပါ။

မောင်နှမနှစ်ယောက်လုံးဖြူဖြူနုနုဥဥလေးတွေဖြစ်ပြီးညီမကသဘောကောင်းသလောက်အကိုဖြစ်သူကအင်မတန်စွာစိလန်ဒေါသကြီးလှပါတယ်။အေးချမ်းကိုဟာမြင်သာမြင်မကြင်ရတဲ့ဘဝပါ။

တစ်နေ့မှာတော့ရွာကိုအေးချမ်းကိုရဲ့သူငယ်ချင်းတစ်ယောက်ပြန်လာခဲ့ပါတော့တယ်။

"ဟိတ်ကောင်"

"အမလေးဘုရားသွန်းလေးနဲ့ငါနဲ့ညား"
ရွာထိပ်မှာသွားစောင့်ရင်းအိပ်ငိုက်နေတဲ့အေးချမ်းကိုရယ်ပါ။

"အမယ်မင်းကရောင်တောင်နေပါ့လားဖိုးချမ်းရ"

"ဟ မင်းစောင့်နေရတာတစ်မျှော်တစ်ခေါ်ရှိနေပြီကွငထွဋ်ရ မင်းအမေတို့ကအကူညီတောင်းလို့လာစောင့်နေရတာကိုကျေးဇူးမတင်ဟိုဟာလှန်ပြချင်နေတဲ့အကောင်"

"ကြီးကြီးကျယ်ကျယ်နဲ့များ ထားပါတော့
သွားရအောင်အိမ်ကို"

အေးချမ်းကိုသူငယ်ချင်းဆိုသူဟာရွာကနေ
မြို့မှာပွဲရုံဖွင့်ထားတဲ့ဦးတိုးတက်အောင်ရဲ့သားထွဋ်မြတ်အောင်ပါ။ဖိုးချမ်းနဲ့ငယ်သူငယ်ချင်းတွေဖြစ်ပြီးမြို့မှာကျောင်းသွားတက်ကာအကိုနဲ့အတူပွဲရုံအလုပ်များကိုကူညီပေးနေတာပေါ့။သူငယ်ချင်းနှစ်ယောက်လမ်းလျှောက်ရင်းစနောက်ပြောဆိုလာကြရင်း

ဘယ်သူထင်မလဲ (completed)Where stories live. Discover now