part 3

75 9 0
                                    

ထွဋ်မြတ်အောင်တစ်ယောက်ညရောက်တော့
အေးချမ်းကိုကိုခေါ်ကာချစ်ရသူရှိရာသို့ထွက်လာခဲ့ပါတော့တယ်။ဖိုးချမ်းတစ်ယောက်ကတော့မအူမလည်နဲ့လိုက်လာခဲ့ရတာပေါ့

"ဟိတ်ကောင်ငထွဋ် မင်းဟာကရွာလူကြီးအိမ်ကိုဘာကိစ္စသီချင်းသွားဆိုမှာလဲ ငါယောက်ဖလက်သံပြောင်တာမင်းသိတယ်နော် ငါ့ဘုသီးပျောက်သေးတာမဟုတ်ဘူးကွ"

"မထုစေရပါဘူးစိတ်ချပါ ငါ့ကိုယုံ"

"မင်းကဘာကိစ္စလဲကွသွန်းကငါ့ချစ်သူနော်
မင်းဘာတွေကြံစည်နေတာလဲ"

"မင်းချစ်သူငါကဘာကိစ္စကြိုက်ရမှာလဲကွ"

"ဒါဆိုမင်းကသူကြီးကိုများ...ဘုရား..ဘုရား
ကိုယ့်အဖေအရွယ်ကြီးကိုကွာငထွဋ်ရာ"

"ဖွဟဲ့လွဲပါစေ မင်းကိုတစ်လွဲကောင်လို့ခေါ်ရင်လည်းမကြိုက်ဘူး ပြောသမျှလုပ်သမျှကျလည်းတလွဲကြည့်ပဲ ငါကသူကြီးကိုကြိုက်စရာလားကွ ငါကြံနေတာသူကြီးသားဟေ့ သူကြီးသား လွန်းကိုကြံနေတာ ကဲရပလားဟ"

"အော်..ဟဲဟဲ အဲ့လိုလား အမယ်အဲ့ဆိုငါတို့က
မယားညီကိုတွေပေါ့ အဲမဟုတ်သေးဘူး
ဘယ်လိုတော်မလဲ"

"ဘယ်လိုမှတော်မနေနဲ့တော့လာမြန်မြန်အိပ်ပျော်သွားတော့မှာဟိုကမင်းရှည်နေတာနဲ့"

"အေးပါကွာ"

........................................................................

သူကြီးအိမ်ရှေ့ရောက်တော့တစ်ယောက်တစ်လှည့်စီသီချင်းဆိုနေကြတဲ့အေးချမ်းကိုနဲ့ထွဋ်မြတ်အောင်ရယ်ပါ။ဒီနေ့တော့ထူးဆန်းစွာ
ဘယ်လောက်စာလုံးမှထွက်မလာခဲ့ပါဘူး။
ဘယ်သူသိမှာလဲလောက်စာလုံးပိုင်ရှင်တို့ဟာ
မူပိုကာစောင်စတွေဆွဲဆွဲခြေနေတာကို

"အဟမ်းတစ်ယောက်သောသူအတွက်ရည်ရွယ်ပြီးဆိုတဲ့သီချင်းလေးမလို့
အလေးအနက်ထားပြီနားထောင်စေချင်ပါတယ်နော်"

"အမှောင်အယံကြီးစိုးတဲ့ညရယ်
တို့နှစ်ယောက်ရဲ့ညအမှောင်ယံထဲ
တိတ်ဆိတ်ခြင်းကလွှမ်းမိုးလို့
ငြိမ်သက်ဆဲတို့ရဲ့အမှောင်ယံညထဲ
ဟိုး..ဟိုး..အဝေးကြီးက
ငြိမ်သက်ဆဲ ဆည်းလည်းသံကိုကြားတယ်

ဘယ်သူထင်မလဲ (completed)Where stories live. Discover now