ညနေမစောင်းခင်ထဲကဖြီးလိမ်းပြင်ဆင်ကာ
ဖင်တကြွကြွဖြစ်နေတဲ့သားဖြစ်သူကိုဒေါ်မြခင်တစ်ယောက်အတော်ကိုမျက်စိနောက်နေတာ"ဟဲ့မင်းမလည်းမျောက်မီးခဲကိုင်ထားသလိုပဲဂနာကိုမငြိမ်ဘူး ဘာဖြစ်နေတာတုန်း"
"ဟိုဟာ ဟိုဟာ ဟိုဟာလေ ဟို ဟို"
"အေးပြောစမ်းပါ တဟိုဟိုနဲ့လိုရင်းကိုမရောက်ဘူး"
"ဟိုဟာအမေရယ် မနက်ကဘုန်းကြီးကျောင်းကအပြန်လွန်းနဲ့ညနေဘက်ကျဘုရားသွားဖို့ချိန်းထားလို့"
"ဘယ်ကလွန်းတုန်း မင်းအသိထဲလဲမကြားဖူးပေါင် ကောင်မလေးလား မအေလည်းပြောဦး တော်ကြာသားကမိန်းမရသွားပြီ အမေလုပ်သူကမသိလိုက်ပဲနေပါဦးမယ်တော့"
"အမေကလည်းလွန်းဆိုတာ လွန်းသာထက်ကိုပြောတာ ရွာလူကြီးသားလေ ကောင်မလေးမဟုတ်ပါဘူး"
"လွန်းသာထက်ကိုအမေသိပါတယ် မင်းမလဲ
လွန်းဆိုတော့ အမေကကောင်မလေးထင်သွားတာပေါ့""ကောင်မလေးမဟုတ်ပါဘူးဆို"
"အေးပါတော် ရည်းစားသနာတွေဘာတွေထားရင်လည်းပြော သဘောကျတဲ့သူရှိရင်
လည်းပြော အမေတို့ကငါ့သားတွေသဘောမကန့်ကွက်ဘူး မျက်နှာပျက်အောင်သာမလုပ်ကြနဲ့ ကို့ဘာသာသင့်တော်၏ မသင့်တော်၏ချင့်ချိန်ပေါ့ ဟုတ်ကလား""ဟုတ်ကဲ့ပါအမေ သားမိဘကိုမျက်နှာပျက်အောင်မလုပ်ပါဘူး"
"အေးပါကွယ် ဟိုမှာလွန်းသာထက်လာနေပါ့ပကော"
"အဲ့တာဆိုသွားတော့မယ်နော်အမေ"
"အေးအေး လူလေးရေ မင်းညီလေးကိုဂရုစိုက်လိုက်ပါဦးနော် သူကအနေဝေးတော့
ဘာမှမသိရှာဘူး""ဟုတ်ကဲပါဒေါ်ဒေါ်မြ အဲ့တာဆိူကျွန်တော်မဝင်တော့ဘူးနော် နောက်ကျနေမှာဆိုးလို့"
"ဟိုကောင်လေး အကြီးပြောတဲ့စကားနားထောင်ဘာမှမမွှေနဲ့ကြားလား"
"ဟုတ်ကဲ့ပါအမေကလည်း သွားပြီ"
နှစ်ယောက်သားလမ်းလျှောက်နေရင်းထွဋ်မြတ်အောင်တစ်ယောက်လွန်းရဲ့မျက်နှာကိုခိုးခိုးကြည့်နေမိတယ်။ဖြူဝင်းတဲ့အသားအရည်ရယ်ပြေပြစ်တဲ့နှဖူးလေးမျက်ခုံးထူထူလေးနဲ့မျက်တောင်ခပ်စိပ်စိပ်လေးတွေရယ်သွယ်လှတဲ့နှာတံလေးနနဲ့ခပ်ရဲရဲနှုတ်ခမ်းလေးကမထူမပါးနဲ့ညနေစောင်းအချိန်မှာပန်ချီကားချပ်ထဲကခုန်ထွက်လာတဲ့သက်ရှိအရုပ်လေးလိုပဲ။