Unicode
" ငါတို့တွေက နောက်ဆုံးနှစ် စီနီယာတွေဆီက လက်ချာ ယူရမယ်တဲ့ "
" ဘာ??? တကယ်ကြီးလား "
ဓာတုဗေဒ ပထမနှစ်က ကျောင်းသားတွေရဲ့ အသံတွေက တစ်ခန်းလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ အကြောင်းအရင်းကတော့ တခြားကြောင့်မဟုတ်ဘဲ နောက်ဆုံးနှစ် စီနီယာတွေထဲက တစ်ယောက်က ဆိုးတယ် ဆိုတဲ့ သတင်းကြောင့်ပါပဲ။ မေဂျာတကာက စီနီယာတွေထဲ အဆိုးဆုံး နဲ့ ဂျူနီယာတွေကို အနိုင်ကျင့်ပါတယ် ဆိုတဲ့ နေရာမှာ နာမည်ကြီးပါတယ်။ အနိုင်ကျင့်တယ်ဆိုတာလည်း ရန်ဖြစ်ထိုးကြိတ်တာမျိုး မဟုတ်ဘဲ ဂျူနီယာဆီက ရသမျှအကုန် ထွတ်စားတတ်တဲ့ စားဘဲကြီး လို့ နာမည်ကြီးတာမျိုးပါ။ အဲ့စီနီယာ က သူတို့နိုင်ငံရဲ့ အမှတ်အမြင့်ဆုံးဆိုတဲ့ ဥပဒေအမှတ်ကိုတောင် မီခဲ့ရဲ့ သားနဲ့ ဓာတုဗေဒ မေဂျာကို ဝင်ခဲ့တာပါတဲ့။ အမှတ်အမြင့်ဆုံးနဲ့ ဝင်ခွင့်ရခဲ့တဲ့ သူမို့လို့လည်း နည်းနည်းတော့ လူရှိန်ကြတယ်။
သူနဲ့ အစေးကပ်ဖို့ဆိုတာ လုံးဝ ကို မလွယ်တဲ့ပုံစံမျိုးပါတဲ့။ မျက်နှာလေးမြင်ရုံနဲ့ ချိုသာသဘောကောင်းတဲ့ သူလို့ထင်ရင် လုံးဝ တက်တက်စင်အောင် မှားပါလိမ့်မယ်။ ရှင်းမ်ဂျယ်ယွန်း ဆိုတဲ့ စီနီယာ က လူကောင်သေးသလောက် ဘဝင်က အထက်ဘဝဂ်တိုင်အောင် ထိုးထောင်နေပြီး လာပေါင်းသမျှ လာပိုးသမျှ သူတွေအကုန် လက်ဖျားခါပြီး ထွက်ပြေးရလောက်တဲ့ထိ ဗရုတ်ကျ ဆိုးသွမ်းတဲ့ လူ့ဂွစာ မျိုးပါ။ ရှင်းမ်ဂျယ်ယွန်းနဲ့ ပတ်သက်ဖူးတဲ့ မိန်းကလေးတိုင်းက ဒူးနဲ့မျက်ရည် သုတ်ပြီး ကျန်ခဲ့ကြတာချည်းပါပဲ။ ဒီလိုဆိုပြန်တော့လည်း ရှင်းမ်ဂျယ်ယွန်းက ရိုက်နှက်ပြီး ပြန်လွှတ်လိုက်တာလားလို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တမ်းက အဲ့လို မဟုတ်ပြန်ပါဘူး။
" အား... ငါတော့ စီနီယာရှင်းမ် နဲ့ မကျရင် ကောင်းမှာပဲ "
ကျောင်းသားတွေရဲ့ တွတ်ထိုးသံတွေက တစ်ခန်းလုံးညံနေတယ်။ ဒီနေ့ ပထမနှစ်ကျောင်းသားတွေအတွက် တစ်ဦးချင်းစီ mentor ရွေးပေးဖို့ ကိစ္စမှာ တစ်ခန်းလုံးက ရှင်းမ်ဂျယ်ယွန်းနဲ့ ကွင်းပါစေလို့ပဲ ဆုတောင်းနေကြတယ်။ အခန်းထဲ ဆရာမဝင်လာချိန်မှာ တစီစီညံနေတဲ့အသံတွေက မီးခဲကိုရေနဲ့ငြိမ်းလိုက်သလို ရှဲခနဲ ငြိမ်းသွားပြီး စတိတ်စင်ပေါ်က ဆရာမ အသံက ထွက်လာခဲ့တယ်။
YOU ARE READING
pieces of love
Fanfictionan ENHYPEN RPS comedy-romantic fiction written in Burmese. ✓ Unicode ✓ Zawgyi Pairs : HEEWON , JAYHOON , JAKESUN this is just an imaginary fiction, so don't take serious.