My melody🎼14

111 14 1
                                    

အချစ်ဆိုတဲ့အရာမျိုးကလေ အမြဲတမ်းအဆင်ပြေချောမွေ့နေတာမျိုးဘယ်ရှိပါ့မလဲနော်။ ကြုံလာတဲ့အခက်အခဲတွေကိုနားလည်မှုရှိရှိနဲ့
ရင်ဆိုင်ကျော်ဖြတ်မှအနာဂတ်ပန်းတိုင်မှာပန်းဝင်နိုင်မှာပေါ့..။ ဒီEpလေးကတော့ ရေးမိတဲ့အပိုင်းတွေထဲအကြိုက်ဆုံး Collection တွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်မလိုပဲကြိုက်ကြမယ်လို့မျှော်လင့်မိပါတယ်ရှင်😍😘💛🌹။

ချစ်ခင်စွာဖြင့်
သံမဏိနှင်းဆီ 💛🌹

My melody🎼14

Prem..........ဘယ်လိုအစ်ကို.....နှစ်ယောက်တည်းခရီးထွက်ချင်တယ်ဟုတ်လား.....

Prem က သောက်လက်စ Coffeeခွက်ကိုပြန်ချထားကာပြန်မေးလိုက်တယ်။

Boun........အင်းလေ.....အခုဆိုကိုယ်လိုက်ရှာနေရတဲ့ငယ့်ကိုလည်းတွေ့ပြီ...ချစ်သူတွေလည်းဖြစ်နေကြပြီ...ကိုယ့်ချစ်သူနဲ့ကိုယ် အပျော်ခရီးလေးတော့ထွက်ချင်တာပေါ့...ပြီးတော့ငယ့်ကိုကိုယ်ပြောစရာရောဝန်ခံစရာရောရှိလို့.....

Prem......အစ်ကို့အလုပ်တွေကရော...ပြီးတော့
Showပွဲလုပ်မယ့်ကိစ္စတွေကရော..

Boun.......Showပွဲအတွက်ကလိုပါသေးတယ်ငယ်...ကိုယ်အရင်ကတည်းကပြင်ဆင်လာတဲ့Plan မို့အပျက်မခံပါဘူး..စိတ်ချ..
အခုအကြာကြီးလည်းမဟုတ်ပါဘူး..တစ်ရက်နှစ်ရက်လောက်ပဲ...နော် ငယ်...သွားရအောင်......

ချစ်သူကတကျီကျီတောင်းဆိုနေတော့ Prem မငြင်းနိုင်ပါ။ အစ်ကိုနဲ့ချစ်သူဖြစ်တာတစ်လလောက်ပဲရှိခဲ့ပေမယ့်သူ့ကိုတုန်နေအောင်ချစ်တော့ဝမ်းသာမိသလိုပျော်လည်းပျော်မိတယ်။အဲဒီတော့သူ့ချစ်သူအလိုကျ ခေါင်းညိမ့်လိုက်မိတယ်။

Boun......ဟုတ်ပြီ ကိုယ် Larn ကိုစီစဥ်ခိုင်းလိုက်တော့မယ်နော်......

Prem.........ဟုတ်အစ်ကို......

သူခေါင်းညိမ့်လိုက်ပေမယ့်စိတ်ထဲကတော့ Flukeကိုပါပြောပြဦးမည်ဟုတစ်ဆက်တည်းတွေးလိုက်တယ်။

.............................................................

ခုတင်ဘေးစားပွဲပေါ်က Phone တုန်ခါမှုကြောင့် Kaoနိုးလာကာ Phone ကိုင်လိုက်တယ်။

Kao ......Hello..ဪ Bae
အဲလေ...Earthလား....အခုအိမ်မှာပဲ....နေ့လည်စာလား....အင်းဒီနေ့ Sunday ဆိုတော့အလုပ်ပိတ်တယ် ပြင်ဆင်ပေးနိုင်ပါတယ်...ဟုတ်ပြီလေ....ဒါပဲနော်....

My Melody 🎼 (Complete)Tempat cerita menjadi hidup. Temukan sekarang