Late night grocery date

2.6K 245 119
                                    

“If you’re awake then I am too,
If you’re lost then I’ll find you,
If you’re hurt then I’ll fix you,
If you go blind, i’ll describe the view”

~It's U by Cavetown

....

"မင်္ဂလာပါ ‌ယောရောဘွန်း..."

"ကျွန်တော်က Enhypenရဲ့ ဂျိတ်ခ်..."

"ဟီဆွန်းဖြစ်ပါတယ်..."

ကင်မရာကို adjustလုပ်နေရင်း ဂျိတ်ခ်ကရယ်တော့ ဟီဆွန်းပါ မထိန်းနိုင်ပဲရယ်လိုက်မိတယ်။ ဒီနေ့နှစ်ယောက်လုံး စိတ်အခြေအနေကောင်းမွန်နေတာကြောင့် vlogတစ်ခုရိုက်မယ်လို့ တိုင်ပင်မိကြရာကနေ ဒီလိုမျိုး စတင်ဖြစ်သွားတာပဲ။ ဂျိတ်ခ်က ကင်မရာကိုတစ်ဖက် ဟီဆွန်းလက်ကိုတစ်ဖက် ကိုင်ထားပြီး ပရိတ်သတ်တွေကို သူတို့လုပ်မဲ့ အစီအစဉ်တွေ‌အကြောင်း အသေးစိတ်ရှင်းပြနေတယ်။ ဟီဆွန်းကတော့ ဂျိတ်ခ်ဘာပြောပြော ခေါင်းကိုအသာညိတ်လို့ပေါ့။

"ကျွန်တော်တို့ ဒီနေ့ grocery shoppingထွက်ကြမှာပါ... ညဘက်ကျရင် စားဖို့ramenတွေကုန်နေပြီမို့ အစ်ကိုဟီဆွန်းနဲ့ ထွက်ဝယ်မယ်လို့တွေးထားကြတယ်... တခြားmemberတွေက ဒီနေ့scheduleရှိလို့ dormမှာ ကျွန်တော်တို့နှစ်ယောက်ပဲ ရှိနေပါတယ်... ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ဈေးဝယ်ဖို့စာရင်းဆိုပြီး messageတွေပို့ထားတာမှ အများကြီးပဲ..."

ဂျိတ်ခ်က ကင်မရာကို စားပွဲပေါ်တင်ထားလိုက်ပြီး ဂျုံဆောင်းပို့ထားတဲ့ စာရင်းတွေကို ပရိသတ်မြင်ရအောင်ပြနေတယ်။ ဂျိတ်ခ်ရဲ့ စိတ်လှုပ်ရှားနေတဲ့ ပုံစံကချစ်ဖို့ကောင်းလွန်းလို့ ဟီဆွန်းဟာ အားပါးတရပြုံးလိုက်မိတယ်။ cameraထဲမှာတော့ အားပါးတရရယ်ရင်း စကားတွေပြောနေတဲ့ကောင်လေးနဲ့ သူ့လက်ကိုတွဲထားရင်း ပြုံးပြုံးလေးကြည့်နေတဲ့ကောင်လေးတစ်ယောက်ကို မြင်ရနိုင်ကြသတဲ့။

"ပြီးတော့ ညဘက် အပြင်လျှောက်လည်ကြည့်ချင်ပါတယ်... Engeneတို့တော့မသိဘူး ကျွန်တော် အတော်လေး စိတ်လှုပ်ရှားနေတာ... ဒီလိုမျိုး အပြင်မသွားဖြစ်တာဘယ်လောက်တောင်ရှိပါလိမ့်... သိတဲ့အတိုင်း အစ်ကိုဟီဆွန်းက ညဘက်ဆို ဂိမ်းဆော့ဖို့ပဲ သဘောကျနေတာလေ...သူကအပြင်ခေါ်ထုတ်ဖို့အတော်လေးကိုခက်တာ "

Late Night Grocery Date (One Shot)Where stories live. Discover now