▶Zawgi◀
.
.
.
.
.ရှောင်ကျန့် တစ်ယောက် ကောင်းကောင်းအိပ်မပျော်ပေ။ ခမည်းတော် ပြောခဲ့သောစကား များကိုသာ သူ့ နားထဲတွင် ထပ်တလဲလဲ ကြားယောင်နေမိသည်။ခမည်းတော်ပြောခဲ့တာတွေက တကယ်ဘဲ အမှန်တွေဘဲလား။ဒါမှမဟုတ် ခမည်းတော်ပြောတာတွေကသူ့ကို လိမ်နေတာလား။ဒါမှမဟုတ် ကြင်ယာတော်လေးကဘဲ သူကို လိမ်ထားတာလား။သူမသိတော့ပေ။အခု သူခေါင်းတွေအရမ်းရူပ်နေပီ။
ရင်ထဲမာလဲ အမည်မသိတဲ့ ခံစားချက်ပေါင်းများစွာ ကို ခံစားနေရတာ။ဘာကိုစိုးရိမ်ပူပန်နေမှန်းလဲသူမသိ။သူစိတ်ထဲမာ ကြောက်လည်းကြောက်နေမိသည်။ဘာကိုကြောက်နေမှန်းလည်းသူမသိပေ။အခုသူ ဝေခွဲရခက်နေလေသည်။
"သားတော် ကြင်ယာတော်လေးက မိန်းကလေးမဟုတ်ဘူး သူက ယောက်ကျားလေး တစ်ယောက်ဘဲ သားတော် သူကယောက်ကျားလေး သူကယောက်ကျားလေး .............."
သူထိုစကားများကိုသာကြားယောင်နေမိသည်။ကြင်ယာတော်လေးက ယောက်ကျားလေး ဆိုတာသူ မယုံနိုင်သေးပေ။
"ဘာတွေလည်းကွာ ဘာတွေဖစ်နေတာလား ငါနားမလည်တော့ဘူး"
ဟူး........
သူသက်ပြင်းရှည်ကြီးချလိုက်မိသည်။မနက်ဖြန်မှဘဲ ကြင်ယာတော်လေးကိုမေးကြည့်ရတော့မာဘဲ။
ခမည်းတော်ပြောခဲ့ တာတွေက အမှန်တွေ မဖစ်ပါစေနဲ့ လို့ သူဆုတောင်းနေမိတော့သည်။
ထို့ နောက် သူလည်း မနက်ရောက်ဖို့ မျှော်လင့်ရင်း အိပ်စက်ခြင်း ဆီသို့
မနက်ရောက်သော်🌅🌅🌅🌅🌅
ကြင်ယာတော်နန်းဆောင်ဘက်တွင်🏯🏯🏯🏯🏯
ရိပေါ် တစ်ယောက် မနက်လင်း ကတည်းက ဘာဖစ်နေမှန်းမသိ သူစိတ်တွေလေးနေသည်။တစ်ခုခုဖစ်တော့မာကို သူသိနေသယောင်။ဘာဖစ်လာမည်ကိုတော့ သူမသိပေ။ဘာမှမဖစ်ပါဘူး မဟုတ်တာတွေဖစ်မလာဖို့ ဘဲ သူဆုတောင်းနေမိတော့သည်။
"ဝမ်လေး နေမကောင်း ဘူးလားဟင် ဘာဖစ်နေတာလဲ မျက်နှာလည်းမကောင်းပါလား ဘာပြဿနာတွေရှိနေလို့ လဲ ဟင်"
"ဟုတ်တယ် ဝမ်လေးကို ဝမ်ချင်လည်းကြည့်နေတာ မျက်နှာလည်းမကောင်းဘူး တစ်ခုခုဖစ်နေတာလား ဘာဖစ်နေတာလဲ ဟင် ဝမ်ချင် တို့ ကိုလည်း ပြောပြပါလား"
YOU ARE READING
မင်းသားလေးရဲ့ ကြင်ယာတော်ရုပ်ဆိုးလေး(Complete)
FanfictionZhanyiနန်းတွင်းficလေးပါနော် 😁