▶Zawgi◀
.
.
.
.
."အခုချက်ချင်းရပ်လိုက်စမ်း"
ရှောင်ကျန့်လည်း ဝမ်နင်ကို မျှင်မျှင်အား သတ်ခိုင်းရန်လုပ်ခိုင်းစဉ် ထွက်ပေါ်လာသောအသံကြောင့်ကြည့်လိုက်တော့ သူ့ခမည်းတော် ပီးတော့ ခမည်းတော်နဲ့အတူ မျှင်မျှင်နဲ့ အဖေ အမတ်ချုပ်ကြီးပါ ပါလာသည်။
ရှောင်မင်းကြီးတစ်ယောက် သားတော်အားမဖစ်သင့်တာ မဖစ်ရလေအောင်လာရောက်တားရခြင်းဖစ်သည်။အမှန်တော့သူသိတာပေါ့။သားတော်အကြောင်းတွေအကုန် နန်းတွင်းထဲမာ ကြားနေရတာမဟုတ်လား။
"ခမည်းတော်......"
မျှင်မျှင်လည်း သူ့အဖေနဲ့ရှောင်မင်းကြီးလာတာတွေ့တော့ ငိုယိုပီးသူ့  အဖေဆီပြေးလေသည်။အမတ်ချုပ်ကြီးကတော့ သူ့သမီးအဖြစ်ကိုကြည့်ကာ စိတ်မကောင်းဖစ်နေလေသည်။သူတောင်ချစ်လွန်းလို့မရိုက်ရက်ဘဲ ပိုးမွေးသလိုမွေးထားရတဲ့သမီးလေးမလား။
အခုတော့ ဘာမှမဟုတ်တဲ့ကြင်ယာတော် တစ်ယောက်အတွက်နဲ့ မင်းသားက သူ့သမီးကိုအပစ်ပေးပီးရိုက်ထားလိုက်တာမြင်လို့တောင်မကောင်း။သူလည်းမင်းသားကိုတော်တော်ဒေါသထွက်သွားသည်။သမီးလေးခမျာတော်တော်ကြောက်နေရှာတာ။
တောက်စ်!!!!......
သူလည်းတောက်တစ်ချက်ခေါက်ကာမင်းသားအား ဒေါသမျက်လုံးတွေနဲ့ကြည့်လိုက်သည်။
"ဟုတ်တယ် သားတော်ခမည်းတော်ဘဲ အခုချက်ချင်း အမတ်ချုပ်ကြီး သမီးကိုလွှတ်ပေးလိုက်ပါ"
"သားတော် မလွှတ်ပေးနိုင်ဘူး ခမည်းတော်"
"အမတ်ချုပ်ကြီး အမတ်ချုပ်ကြီးရဲ့သမီးကိုခေါ်သွားလိုက်ပါတော့"
အမတ်ချုပ်ကြီးလည်း ရှောင်မင်းကြီးကခေါ်သွားဟုပြောသဖြင့်သူလည်း သူ့သမီးမျှင်မျှင်ကို ထိုနေရာမှခေါ်ဆောင်သွားလိုက်သည်။သူစိတ်ထဲတွင်တော့ မင်းသားအားအခဲမကြေပေ။သူဘယ်လိုမှမကျေနပ်နိုင်ပေ။
"ခမည်းတော်!!..ဒါကဘာသဘောလဲ!.."
"သားတော် ဘာမှမပြောနဲ့တော့ အခုသားတော်လုပ်နေတာတွေကဘာတွေမှားနေလဲဆိုတာသိရဲ့လား!!.. သားတော်က ကြင်ယာတော်တစ်ယောက်အတွက်နဲ့သားတော်လုပ်တဲ့လုပ်ရပ်တွေမှားနေလို့!!ခမည်းတော်လာတားနေရတာ!..အရင်ကဆို သားတော်ဘာပဲလုပ်လုပ် ခမည်းတော် ဘာတစ်ခုမှဝင်မပြောခဲ့ဘူး!! အခုဟာကသားတော်လမ်းမှားရောက်မာဆိုးလို့ ခမည်းတော်လာတားရတာဘဲ ခမည်းတော်သားတော်ကို လမ်းမှားမရောက်စေချင်ဘူး ခမည်းတော်ပြောတာကို သားတော်နားလည်မယ်ထင်ပါတယ်"