▶ ZawGi◀
.
.
.
.
.ရှောင်ကျန့် သူလည်း ကြင်ယာတော်အား ခမည်းတော် ပြောပြတာတွေကို ပြောပြလိုက်သည်။ပီးတော့ ကြင်ယာတော်လေးက ခမည်းတော်ပြောသလို ယောက်ကျားလေး ဟုတ်မဟုတ် သူမေးလိုက်တော့သည်။
ရိပေါ်လည်း မင်းသားလေးပြောတဲ့  စကားကိုကြားပီး သူ့ ဘာလုပ်ရမှန်းမသိတော့ပေ။သူ့ မာဖြေစရာ အဖြေလည်းမရှိပေ။သူကြောက်သည်။ပြောရရင် မင်းသားလေး ကသူ့ ကို မုန်းသွားမာကို ကြောက်တာဆိုပိုမှန်လိမ့်မည်။အခုသူ့ ရင်ထဲမာ ဘယ်လောက်ထိ ခံစားနေရသည်ကို သူမသိတော့ပေ။
ခုနက ပျော်နေခဲ့ သော အပျော်လေးတွေဟာလည်း အခုဆို ဝမ်းနည်းမူအဖြစ်ပြောင်းလဲ သွားလေပီ။သူဘယ်လို အင်အားမျိုးနဲ့  မင်းသားလေး ကို သူ ကယောက်ကျားလေး ပါလို့ ဖြေရမာလဲ။ထိုအဖြေအတွက် သူ့ မာဖြေဖို့ အားပင် မရှိတော့ချေ။ဖစ်နိုင်ရင် အဝေးကိုသာ ပြေးထွက်သွားချင်မိသည်။
" ကြင်ယာတော်လေး ကိုယ်ရဲ့  ခမည်းတော် ပြောတာတွေက အမှန်တွေဘဲလား ဒါမှမဟုတ် အလိမ်အညာတွေလား ကိုယ့်ကို ပြောပါအုံး ကြင်ယာတော်လေး"
ရှောင်ကျန့် တစ်ယောက် ဘယ်လောက်ပြောပြော ကြင်ယာတော်လေး ဘက်က တုံ့ ပြန်မူမရှိတဲ့အပြင် ငိုဘဲငိုနေကာ တောင်းပန်ပါတယ် ဟူသော စကားကိုလည်း ပြောနေ တာကြောင့် သူ ပိုပီး ဆိုးရိမ်လာတော့သည်။သူ့ ခေါင်းထဲမာလည်း ကြင်ယာတော်လေး ကယောက်ကျားလေး ဆိုတာ တကယ်ဘဲ လားဟူသော မေးခွန်းကိုသာ အကြိမ် ကြိမ်မေးနေမိတော့သည်။
"ကိုယ့်ကိုပြောပါအုံး!...ကြင်ယာတော်လေး ဘာလို့ ငိုနေရတာလဲ ပီးတော့ ဘာလို့ နုတ်ဆိတ်နေရတာလဲ ပီးတော့ ဘာလို့ တောင်းပန်နေရတာလဲ!.."
ရိပေါ် သူ့ လည်း အဆက်မပြတ်ငိုသာငိုနေမိတော့သည် ။ သူမင်းသားလေး မေးတာကို ဖြေနိုင်စွမ်းမရှိ။သူနုတ်ဆိတ်နေမိတော့သည်။ပါးစပ်ကနေလည်း တောင်းပန်ပါတယ် ဟူသောစကားကိုသာ အကြိမ်ကြိမ် ထပ်ကာထပ်ကာပြောနေမိတော့သည်။
"မဟုတ်ဘူးမလား!.... ကြင်ယာတော်လေး ကယောက်ကျားလေး ဆိုတာ တကယ်ဘဲ မဟုတ်ဘူးမလား!...(sob)"
YOU ARE READING
မင်းသားလေးရဲ့ ကြင်ယာတော်ရုပ်ဆိုးလေး(Complete)
FanfictionZhanyiနန်းတွင်းficလေးပါနော် 😁