Part 3(Uni+Zawgyi)

6.5K 425 1
                                    

~Unicode~

ရိပေါ်...သူ့နမည်က ဝမ်ရိပေါ်...
ဝမ်ရိပေါ်ကအရမ်းကိုချမ်းသာလွန်းတဲ့အမျိုးသားတစ်ယောက်....စီးပွားရေးမှာလည်းကမ္ဘာ့နံပတ်၅မှာရှိနေတဲ့သူ့ရဲ့ Wang Group...

ရုပ်ရည်ချောမောမှုကတော့ပြောစရာပင်မလို...သူ့ကိုမြင်တဲ့သူတိုင်းက နတ်ဘုရားတစ်ပါးကိုမြင်ရသလိုငေးကြည့်တတ်ကြသည်။

ထူးဆန်းတဲ့အရာတစ်ခုကတော့ ရိပေါ်အပြုံးကိုဘယ်သူမှမမြင်ဖူးကြဘူး...ဒါ့ကြောင့်လည်းပျိုမဒီတွေက မပြုံးတတ်တဲ့သူ...အသည်းနှလုံးမရှိတဲ့သူလို့ပြောကြတာပေါ့....

တကယ်တော့သူကမပြုံးတတ်ခဲ့တာမဟုတ်ပါဘူး...အပြုံးတွေပျောက်ကွယ်သွားခဲ့တာ....ခံစားချက်မရှိတဲ့လူတစ်ယောက်လိုဘဝကိုဖြတ်သန်းနေခဲ့တာ၁၈နှစ်ရှိပြီ...သူ့ရဲ့နာကျင်ခဲ့တဲ့ဘဝဇာတ်ကြောင်းတွေဟာ ရှည်လျားလွန်းတဲ့အိမ်မက်ဆိုးကြီးတစ်ခုလိုပါပဲ...

ငယ်စဥ်ထဲကဆင်းရဲတဲ့မိသားစုမှာမိဘတွေကမလိုချင်ပါပဲမွေးဖွားလာခဲ့ရတဲ့သူ...အမြဲရန်ဖြစ်နေတဲ့သူ့ရဲ့ပါးနဲ့မားး...လက်ထပ်စမှာတော့အဆင်ပြေခဲ့ကြပေမယ့် ကြာလာတော့မားက ဆင်းရဲတဲ့ဘဝကြီးကိုစိတ်ကုန်ပြီး အခြားတစ်ယောက်နဲ့ချစ်ကျွမ်းဝင်မိပြီးခိုးရာလိုက်ပြေးသတဲ့လေ...သူနဲ့ပါးကိုထားရစ်ခဲ့ပြီးတော့ပေါ့...

သူမားကိုမုန်းမိပါသည်။ပါးဟာလည်းအရက်တွေအမြဲမူးနေတတ်တယ်...တစ်နေ့သူကျောင်းကပြန်အလာအိမ်မှာမားကိုပြန်တွေ့ခဲ့ရတယ်...ဒါပေမယ့်အကောင်းတော့မဟုတ်...မားရဲ့မျက်နှာတစ်ခုလုံးကဖူးယောင်စွာ...ပြီးတော့မားရဲ့ခြေထောက်မှာလည်းသံကြိုးတွေချည်ထားသည်ကိုတွေ့ရသည်။

ပါးကပြောတယ်...မားကိုခုလိုလုပ်ထားရတာကချစ်လွန်းလို့ပါတဲ့...ချစ်မိပြီဆိုရင်...နာကျင်ရတယ်တဲ့...မားကိုသူ့အဝေးကိုထွက်မသွားနိုင်အောင် ဒီလိုမျိုးသိမ်းဆည်းထားရတာပါတဲ့လေ....

တစ်နေ့မှာတော့ဘာတွေဖြစ်ကြတယ်မသိပါ...ပါးကမားကိုဓားနဲ့အချက်ပေါင်းများစွာထိုးလိုက်သည်။ထို့နောက်မှာတော့ သူ့ဘာသာသူအဆုံးစီရင်သွားခဲ့ပြန်သည်။

ချစ်လှစွာသော"Villain"[Completed]Donde viven las historias. Descúbrelo ahora