💎Final💎

8.1K 438 57
                                    

~Unicode~

အေးချမ်းလှတဲ့ညလေးတစ်ခု...ကောင်းကင်ယံတစ်ခွင်မှာကြယ်တွေကလင်းလက်စွာတောက်ပနေသည်။လမင်းကြီးကထိန်ထိန်သာလို့လရောင်များကလည်းဖြာကျနေလေသည်။

တောင်တန်းတွေပေါ်မှာတည်ရှိနေတဲ့ဝမ်ရိပေါ်တို့တစ်ထပ်တိုက်အဖြူရောင်လေးဟာလည်းလရောင်အောက်မှာပနံသင့်စွာ...

ခြံထဲမှာစိုက်ပျိုးထားတဲ့ပန်းပင်လေးတွေဟာ လေလေးတွေရဲ့တိုက်ခတ်မှုကြောင့်ယိမ်းထိုးနေသည်မှာ ချစ်စဖွယ်အတိ...

ထိုခြံဝန်းလေးမှာကျင်းပနေတဲ့ညစာစားပွဲလေးဟာလည်း အားလုံးရဲ့ပျော်ရွှင်မှုတွေကိုဆောင်ကျဥ်းပေးသည်။

ယန်းလီတို့ဇနီးမောင်နှံကလည်းပါးနဲ့မားအလည်လာသည်ဟူသော သတင်းကြောင့်ညအမှီရောက်လာကြသည်။ထို့ကြောင့်မိသားစုဝင်တွေအားလုံးစုံစုံညီညီနှင့်အတူရှိနေကြသည်။

ခြံဝန်းထဲမှာတပ်ဆင်ထားတဲ့အလှဆင်မီးလုံးလေးတွေကိုကြည့်ကာရှောင်းမားကတော့အရမ်းသဘောကျနေပုံရသည်။ဒီလိုတွေအကြံဉာဏ်ရှိတဲ့သူ့သားမက်လေးကိုလည်းချီးကျူးလို့မဆုံးးး

ညစာစားပွဲမှာသူ့တို့သားငယ်လေးအတွက် ပုဇွန်တွေကိုသေချာခွာပေးနေတဲ့ဝမ်ရိပေါ်ကြောင့်ရှောင်းပါးကလည်းတပြုံးပြုံးး။ယန်းလီကတော့ဇီရွှမ်းကိုဗိုက်ကျောလိမ်ဆွဲကာဝမ်ရိပေါ်ရဲ့ချစ်တတ်မှုကိုအတုယူနေစေသည်။

"သားးရိပေါ်လေးး မားတို့ကိုသားမိသားစုတွေလိုသဘောထားနော်...ခုသားမှာပါပါးနဲ့မာမားရှိသွားပြီ...ခုကစပြီး မားကို မာမားလို့ပဲခေါ်ရမယ်နော်"

"ဟုတ်...ဟုတ်ကဲ့..မာ..မားး"

ရှောင်းမားရဲ့စကားကြောင့်ရိပေါ်မျက်ရည်ဝဲတဲ့အထိပြုံးမိပါသည်။သူ့ဘဝမှာသူ့ကိုဂရုစိုက်မယ့်ပါးနဲ့မားရှိခဲ့ပြီလေ...

သူ့စိတ်ကိုနားလည်သည်ထင်တယ်....ကလေးငယ်ကသူ့လက်ကလေးကိုစားပွဲအောက်မှဆုပ်ကိုင်ပေးလာသည်။

ရိပေါ် ကလေးငယ်ကိုသဘောတကျပြန်ပြုံးပြလိုက်မိသည်။တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာပြုံးနေမိခဲ့တာပတ်ဝန်းကျင်ကိုမေ့သွားတဲ့အထိပါပဲ...

ချစ်လှစွာသော"Villain"[Completed]Donde viven las historias. Descúbrelo ahora