ကိုကြီးကိုချစ်တယ်
ကိုကြီးကိုချစ်တယ်
ရေးသားသူ – ?????ကျွန်တော့်နာမည် လင်းလက်ပိုင် ပါ။ အညာကနေ ကုမ္ပဏီလုပ်ငန်း ဝင်ခွင့်ရတာနဲ့ မန်းလေးကို ဆိုင်ကယ်နဲ့ တက်ခဲ့တယ်။ မန်းလေးရောက်တော့ ထမင်းစား၊ စာပြီးတော့ လိုအပ်တဲ့ ပစ္စည်းလေးတွေ ဝယ်ဖို့အတွက် လျပ်စစ်ပစ္စည်းအရောင်းဆိုင်မှာ ဝင်ဝယ်ခဲ့တယ်။
အဲ့ဒီမှာ ဆိုင်ရှင် အစ်ကိုကြီးနဲ့ တွေ့ခဲ့တယ်။ အရပ်က 5 ပေ 11 လောက်၊ အသားက ခပ်လတ်လတ်၊ ရုပ်ရည်ကြည့်ကောင်းတယ်။ ခဏလေး တွေ့ခဲ့တဲ့သူကို အစအဆုံး အကုန်ကြည့်နေမိတယ်။ လိုတဲ့ပစ္စည်းလေး ဝယ်ပြီးတာနဲ့ company နဲ့ အနီးနား အိမ်ငှားလိုက်ရှာခဲ့တယ်။
“အန်တီ ဒီအနီးအနား အိမ်ငှားလေး နေလို့ရမယ့်နေရာ မရှိဘူးလား”
“ဟိုနားလေးက အိမ်ကတော့ အိမ်ငှားထားတယ်၊ အခု လူတစ်ယောက်တော့နေတယ်၊ အဲ့ဒီကို သွားမေးကြည့်ပါလား သား”
“ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ”
ဒီလိုနဲ့ ကျနော် အန်တီးပြောတဲ့ အိမ်ဘက်ကို ဆိုင်ကယ်နဲ့ သွားခဲ့တယ်။ အိမ်နားရောက်တာနဲ့ အနီးနားက အိမ်ကို မေးကြည့်လိုက်တယ်။
“ဦးလေး ဒီအိမ်က ဘယ်သူ အငှားထားတာလဲ မသိဘူး”
“ဪ ဦးက အိမ်ပိုင်ပါ အိမ်အငှားထားတယ်၊ လူတစ်ယောက်နေတယ်၊ သားက ဘာလုပ်မလို့လဲ”
“သား အိမ်ငှားရှာနေတာပါ ဦး၊ ဒီအိမ်မှာ အိမ်ငှားရှိလား ဦး”
“တစ်ယောက်တော့ရှိတယ် သား၊ သားနေချင်ရင် မေးကြည့်ပေးမယ်လေ သား ”
“ဟုတ် လူကောင်းတော့ ဟုတ်ပါတယ်နော် ဦး”
“ကောင်းပါတယ် ညနေတိုင်းတော့ ဘီယာလေးသောက်လေ့ရှိတယ်၊ ဒါမယ့် သူ့ဖာသာနေတာပါ လူကောင်းပါ”
“ဟုတ် ဘယ်အချိန် ပြန်လာမှာလဲ မသိဘူး”
“ခဏနေ လာတော့မယ်၊ လာပါ ဦးအိမ်က လာစောင့်လိုက်၊ လာမှ ဦးပြောပေးပါ့မယ်”
“ကျေးဇူးပါ ဦး”
ဒါနဲ့ ကျနော် ဦးလေးအိမ်ကနေ စောင့်နေလိုက်တယ်။ ခဏကြာတော့ click ဆိုင်ကယ် အဖြူလေးနဲ့ ဝင်လာတယ်။
ESTÁS LEYENDO
Plus One Shot Collection(အပြာစာအုပ်စုစည်းမူ့)
FantasíaOneshot collectionများ Warningပေးပါတယ် မနေနိုင်လို့ဖတ်ပြီးရင်လည်း Voteတော့ပေးခဲ့ကြပါ crd လဲ ပေးပါတယ်😁