Part..5

5.4K 807 81
                                    

"ခင်ဗျား...ဘယ်သူလဲ"

"ဘုရားသခင်က..လူသားတွေကိုဖန်ဆင်းခဲ့တယ်၊
မတော်လို့ကိုယ်ကအာဒံအဖြစ်ဖန်ဆင်းခံ ခဲ့ရရင်
မင်းက ကိုယ့်နံရိုးလေးဧဝ"

ပျင်းရိပျင်းတွဲထိုင်နေရာမှထိုလူက ကုတင်ပေါ်ကဆင်းကာ
တစ်လှမ်းချင်းထယ်ယောင်းအနားကို တိုးကာလျှောက်လာ
သည်။ရေခဲမှတ်အောက်အေးစက်စက်လေထုသည်ပတ်
ဝန်းကျင်တစ်ခုလုံးပျံနှံနေပြီးကြောက်စိတ်သည်ခန္ဓာကိုယ်
ရိုးတွင်ချင်ဆီကနေတစ်ဆင့် အရေပြားတစ်ခုလုံးစိမ့်ကာ
ပျံနှံလာသည်။ဒူးတုန်ကာကြောက်အားလန့်အားပြေးထွက်
ချင်ပေမဲ့ခြေထောက်နှစ်ဖက်လုံးကိုသံကြိုးတွေခြေကျင်းတွေနဲ့
တုပ်နှောင်ခံထားရသလိုနည်းနည်းလေးမှမရွေ့ ။တစ်လှမ်း
အရှေ့တိုးလျှောက်လာတိုင်းထိုလူ့ အရပ်က တစ်လက်
မစီိုပိုရှည်လာသလို။ဘယ်ကလာမှန်းမသိတဲ့ခွေးအူသံ
တစ်ချက်ချက်ကိုလည်းထယ်ယောင်းကြားနေရသေးသည်။
ညတာသည်ရှည်ကြာလွန်းနေပြီးအမှောင်ထုသည်လည်း
အင်အားကြီးလွန်သည်။ရင်ဘတ်ဟစိပြဲနဲ့လူက
နောက်ဆုံးထယ်ယောင်းရှေ့မျက်နှာချင်းဆိုင်လိုက်ချိန်
ထယ်ယောင်းထက်ခေါင်းတစ်လုံးစာတောင်ပိုမြင့်နေသေးသည်။ပုံမှန်ဆိုထယ်ယောင်းကအရပ်ပုသူမဟုတ်ရှည်သွယ်
တဲ့အထဲ ပါပေမဲ့ ထိုလူနဲ့ယှဉ်ရင်တော့သေးကွေးကာခေါင်း
မော့ကာပင်ကြည့်ရတော့သည်။ဂုတ်ထောက်နေတဲ့
ဆံပင်တွေကိုအနောက်ဘက်လှန်တင်ထားပြီးကြည့်
ကောင်း လွန်းတာထက်ပိုနေသောထိုလူသားရဲ့
ချောက်နက်ကြီးတွေပမာနက်မှောင်နေတဲ့မျက်ဝန်းတွေနဲ့ဆုံချိန်ဘာရယ်မဟုတ်ထယ်ယောင်းကြက်သီးဖျန်းဖျန်းထရသည်

"ခင်ဗျား...ဘယ်သူလဲ"

ထိုလူကအေးစက်စက်ရီသည်။

"မင်းပိုင်တဲ့နတ်ဆိုး၊ကိုယ့်ကိုမင်းတစ်ယောက်ထဲပဲပိုင်တယ်"

အမှောင်ထဲကထိုလူ့အသံကတိကျကာပြတ်သားလွန်းလှ
သည်။ရေခဲတစ်မျှအေးစက်သောအသံဆွဲအားကြောင့်
ထယ်ယောင်းဘာပြန်ပြောရမှန်းမသိတော့။
ဘယ်သူဘယ်ဝါဆိုတာထက် ဒါကြီးကအိမ်မက်ကြီးမလား။
အချိန်တန်မိုးလင်းရင်ပြီးသွားမှာပဲ ဥစ္စာ၊ဘာကြောင့်များ
ဒီလူဘယ်သူလဲဆိုတာ ဘာလို့ အချိန်ကုန်ခံပြီးမေး
နေမှာလည်း။

The Watcher(Completed )Where stories live. Discover now