"လက်ထပ်မယ်..."
"ဟုတ်တယ်...ယောင်းလေးက လပ်ထပ်ဖို့ကို
သဘောတူလိုက်ပြီ"ဘုန်းတော်ကြီးCanတစ်ယောက်အနည်းငယ်ထိတ်
လန့်သွားရသည်။ထယ်ဆိုးပြောပြချက်အရမနေ့
တစ်နေ့ကမှ လက်ထပ်ဖို့အရေးထယ်ယောင်းက
အသဲအသန်ငြင်းဆန်နေတုန်းတဲ့။ဖိအားပေးလာ
ရင်ကိုယ့်ကိုကိုယ်အဆုံးစီရင်ပစ်မယ်ဆိုတဲ့ကောင်
လေးကအခုချက်ချင်းလက်ထပ်ဖို့သဘောတူ
လာတာမဆန်းပေဘူးလား။အခုတလောအိမ်မက်တွေလည်းမကောင်းသလို
စိတ်ထဲလည်းဝန်တစ်ခုဖိထားသလိုလေးလံနေ
သေးသည်။"ဝမ်းသာပါတယ်၊ဘယ်သူနဲ့နေ့ရာချထားဖို့
စီစဥ်ထားလဲ"ဘုန်းတော်ကြီးCan ကမနေနိုင်မထိုင်နိုင်မေးမြန်း
စုံစမ်းလိုက်သည်။ကင်မ်ထယ်ယောင်းငယ်ငယ်
ကတည်းကသူ့မျက်စိအောက်တွင်ကြီးပျင်းလာ
ခဲ့ပြီးနတ်ဆိုးနှောင့်ယှက်ခံရခြင်းသည်လည်း
သူ့ပေါ့ဆမူ့ကြောင့်သာ။"သူ့သူငယ်ချင်း...နာမည်က ပတ်ခ် ဂျီမင်းတဲ့၊
ဒယ်ဂူးဇာတိပဲ၊ထယ်ယောင်းရဲ့တစ်ဦးတည်းသော
အခင်မင်ဆုံးသူငယ်ချင်းဆိုလည်းမမှားဘူး""အော်...."
"ဒီနေ့အဲ့ကလေးနဲ့ညစာစားဖို့ချိန်းထားတယ်၊
ဘုန်းတော်ကြီးအိမ်ကိုလာခဲ့ပါဦလား၊ မိသားစု
ဆုံညီစားပွဲသောက်ပွဲလေးလည်းဖြစ်တာပေါ့"ကင်မ်ထယ်ဆိုးကဖော်ဖော်ရွေရွေပင်မိသားစုည
စားစားပွဲကို ဘုန်းတော်ကြီးCanအားဖိတ်ကြား
ခဲ့သည်။ကင်မ်ထယ်ဆိုးအခုအချိန်ထိထယ်ယောင်းအတွက်ရတက်မအေးဖြစ်နေရပြီးဒီအမှောင်ထုကြီးကနေအနှေးအမြန်လွတ်မြောက်စေချင်ပြီဖြစ်သည်။ဂျီမင်းနဲ့မြန်မြန်လက်ထပ်ပေးဖို့သာရည်ရွယ်ထားပြီးနတ်ဆိုး၏အိမ်မက်ဆိုးတွေကနေသူမသားအားရုန်းထစေချင်သည်။ဒီနေ့ညနေကလေးနှစ်ယောက်ကျောင်းပြီးတာနဲ့အိမ်ကိုတန်းဝင်ဖို့မှားထားခဲ့ပြီးရင်းနှီးသမူ့ဖြင့်မိသားစုညစာစားပွဲလေးစီစဥ်ထားသည်။ထမင်းစားပွဲကိုဘုန်းတော်ကြီးCanလည်းပါ လာမည်မို့ပိုလို့ပင်အဆင်ပြေသွားတော့သည်။ဘုန်းတော်ကြီးCanကလည်းမငြင်း။အခုအချိန်
ထယ်ယောင်းအတွက်အရေးကြီးဆုံးအချိန်ပင်။
နတ်ဆိုးကထယ်ယောင်းလက်ထပ်ထိမ်းမြားခြင်း
အပေါ်ဒီအတိုင်းလွှတ်ထားမည်မဟုတ်ပါ။တစ်
နည်းမဟုတ် တားဆီးနှောင့်ယှက်ဦးမှာပင်။သို့
သော်ထင်မှတ်မထားစွာပင်.. အခုချိန်ထိနတ်ဆိုးက
တစ်အားငြိမ်ချက်သားကောင်းနေသည်။စိတ်
ထဲလဲမသိုးမသန့်ခံစားချက်ကြီးကြောင့်သက်ပြင်း
သာအကြိမ်ကြိမ်ချရင်း...ဘေးလွယ်အိတ်ကြီး
ထဲ အဆောင်ဆွဲ ကြိုးနှစ်ခုအားကောက်ထည့်
ကာကင်မ်အိမ်တော်ဆီသို့သာထွက်လာခဲ့သည်။
YOU ARE READING
The Watcher(Completed )
FanfictionJeon JungKook Park JiMin Kim TaeHyung (KookV) (MinV) Bottom V