(2)

105 17 6
                                    

ဖတ်!

" အ့...ဘယ်ကောင်လဲကွ "

ခုံပေါ်မှာမှောက်ခုံအိပ်ပျော်နေသောသက်ဆွေအား ဂုတ်ပိုးကိုဖတ်ခနဲချလိုက်တော့ လန့်သွားသည်ထင်။ အိပ်ချင်မူးတူးနဲ့လျှောက်အော်‌နေလေရဲ့။

" ငါဟေ့..ငါလုပ်တာ "

" ဘာလဲ ခ,ရာ။ ငါအိပ်ရေးမဝသေးလို့ပါဆို "

" အတန်းချိန်နှစ်ချိန်လုံးခေါင်းမထောင်ဘဲအိပ်နေတာ အခုထမင်းစားနားချိန်အထိပဲ။
အဲ့ဒါတောင်အိပ်ရေးကမဝသေးဘူးလား။
မင်းမနေ့ညကမအိပ်ဘဲဘာတွေများလုပ်နေတာလဲ "

" မနေ့ညကွာ မင်းချာတိတ်လုပ်တာနဲ့ အဆောင်တစ်ခုလုံးကို ဘယ်သူမှကောင်းကောင်းမအိပ်ရဘူးကွ "

" ငါ့ချာတိတ်ဆိုတာဘယ်သူ..."

မေးမယ်လုပ်လိုက်ပြီးမှ အတွေးထဲဝင်လာသော တစ်စုံတစ်ယောက်ကြောင့် စကားတန့်သွားရသည်။ သူကလွဲပြီးဘယ်သူရှိအုံးမှာလဲ။

"...သူက...ဘာဖြစ်လို့လဲ "

" အဲ့ကောင်လေး မနေ့ညကမူးလာတယ်လေ။
အဆောင်က မင်းနိုင်ဆိုတဲ့ သူတို့အုပ်စုက အရက်ဖြူတွေတိုက်လွှတ်လိုက်တာ။
မူးပြီးတစ်ဆောင်လုံးကိုပတ်ရမ်းနေတာ ထိန်းလို့ကိုမနိုင်တဲ့အထိ "

အရက်ဖြူတဲ့။ ပထမနှစ်ကလေးကို အရက်ဖြူတွေတိုက်စရာလား။

" အဲ့တော့ မင်းတို့အဆောင်မှူးက အဲ့မင်းနိုင်ဆိုတဲ့လူကိုဘာမှမပြောဘူးလား။
ကျောင်းတက်နေတဲ့အရွယ်လေးရှိသေးတာကို အရက်တိုက်စရာလား "

" အဲ့ကောင်ကအဆောင်မှူးရဲ့တူလေ။
အဆောင်မှူးကသူ့ကိုတအားချစ်တော့အလိုလိုက်ထားတာ။
အဲ့ဒါကြောင့် အဆောင်မှာသူမွှေချင်သလိုပတ်မွှေနေတာ။
ဒါပေမယ့် အဲ့ချာတိတ်သောက်တဲ့ကိစ္စကတော့ သူ့စိတ်နဲ့သူသောက်တယ်လို့ထင်တာပဲ။
သူမူးသွားပြီး ပတ်ရမ်းလို့အားရတော့ ထိုင်ငိုတယ်လေ။
သူချစ်တဲ့သူက သူ့ကိုပြန်မချစ်ဘူးတဲ့ "

နောက်ဆုံးတော့ တရားခံကသူပါပဲလား ။

သေချာမရည်ရွယ်ခဲ့ဘူးဆိုပေမယ့် ထိုကောင်လေးကိုနာကျင်‌စေခဲ့မိပြီ။

စာအိတ်ညိုလေးများရဲ့ရာဇဝင် (စာအိတ်ညိုလေးများရဲ့ရာဇဝင်)Where stories live. Discover now