" ဒီအပင်ရိပ်ကလေးက နေလို့အရမ်းကောင်းတာပဲ။
လေလေးတဖြူးဖြူးနဲ့ အိပ်တောင်အိပ်ချင်လာပြီ "" အိပ်ချင်ရင် မောင့်ပခုံးပေါ်မှီအိပ်လေ။
အိမ်မပြန်ခင်နာရီဝက်လောက်အချိန်ရသေးတာပဲ ခရဲ့ "မင်းမျိုးမာန်တို့အဆောင်နောက်က အပင်ရိပ်အောက်မှာ ခတို့နှစ်ယောက် ဘေးချင်းကပ်ထိုင်လျက် ချိန်းတွေ့နေကြခြင်းဖြစ်သည်။ ကျောင်းတွေပြန်ဖွင့်ပြီမို့ အရင်လို စာပေးစာယူနဲ့မဟုတ်ဘဲ အပြင်မှာတွေ့ခွင့်ရပြီဖြစ်သည်။
အခြားနေရာတွေဆို လူတွေကသူတို့နှစ်ယောက်အပေါ်ကြည့်တဲ့အကြည့်တွေကိုမကြိုက်တာကြောင့် သူတို့နှစ်ယောက်ရဲ့လုံခြုံပြီးစကားကောင်းကောင်းပြောလို့ရမယ့် တစ်ခုတည်းသောနေရာလေးက မောင်လုပ်ကြံဖန်တီးထားသော ဤအပင်အောက်ကလေးပင်။
အဆောင်ကရှိတဲ့သူတွေလည်း မမြင်စေချင်တာကြောင့် အဆောင်ကိုမျက်နှာမူထားတဲ့အခြမ်းမှာမထိုင်ဘဲ အပင်နှင့်ကွယ်နေသော အခြားတစ်ဖက်မှာတင် ထိုင်ဖြစ်ကြသည်။ တကယ်က သမီးရည်းစားဖြစ်ပေမယ့် သူတို့နှစ်ယောက်စလုံးက ယောကျာ်းလေးတွေဖြစ်တာကြောင့် ပုံမှန်ဆိုတစ်မျိုးမမြင်ကြမှန်းသိပေမယ့် အခုဟာက စကားပြောနေရင်းနဲ့ မထင်ရင်မထင်သလို သူ့လက်အား လာလာကိုင်တတ်သောမောင့်ကြောင့်ပင် လူရှင်းရာမှာချိန်းတွေ့ရခြင်းဖြစ်သည်။
ကိုင်ရုံနဲ့တင်မဟုတ်။ တစ်ခါတစ်ဆို သူ့နှုတ်ခမ်းပါးဖြင့် ဖိကပ်နမ်းတတ်သေးသည်။ မလုပ်ပါနဲ့လို့ပြောလည်း မရပါ။ သမီးရည်းစားသက်တမ်း 3လကျော်4လနီးပါးတစ်လျှောက်လုံးမှာ ပိုပြီးသိလာတာက မောင်သည် သူ့အပေါ်ဆိုအရမ်းဂျစ်လာသည်။ ဆူပြန်ရင်လည်း မျက်နှာလေးငယ်ကျသွားတတ်တဲ့ကောင်လေးကြောင့် ခမှာဆူပင်မဆူရက်တော့။
ဘယ်သိခဲ့ပါ့မလဲ။ တည်ငြိမ်ရင့်ကျက်တယ်လို့ထင်ထားခဲ့တဲ့ဒီကောင်လေးက အခုလိုဆိုးတတ်လိမ့်မယ်လို့။
" ကြည့်။ မောင်နဲ့ရှိနေချိန်ကို အတွေးတွေလွန်နေပြန်ပါပြီ။
ဒီခေါင်းလေးကသေးသေးလေးနဲ့ကို ဘာလို့အတွေးတွေကများရသလဲ။
ဟင် "
YOU ARE READING
Romance♡ Short Story ♡ { COMPLETE }