2

354 44 17
                                    

<< UNicode >>

LOve Story~

ပန်းကန်တွေ ဆေးရင်း ဂျွန်ဂယူတစ်ယောက် ဦး နဲ့စတွေ့ပုံကို ပြန်စဉ်းစားနေမိတော့သည် ။

💞💞💞💞💞💞

ဂျွန်ဂယူတစ်ယောက် စာကျက်ရင်း ဗိုက်ဆာလာတာကြောင့် မုန့်ဝယ်စားရန် လမ်းထိပ်
mini market လေးသို့ ထွက်လာသည်။

market ထဲဝင်ခါနီး ကြားလိုက်ရတဲ့အသံကြောင့် ဂျွန်ဂယူ၏ ခြေလှမ်းများရပ်တန့်သွားသည် ။

' ညှောင် '

အသံလာရာ နားစွင့်မိတော့ marketရဲ့ ဘေးနားက တိုက်အပုလေးရဲ့ ထိပ်အစွန်းမှာ ရပ်နေတဲ့ကြောင်တစ်ကောင်၊ သူ့ကြည့်ရတာအောက်ကို ဆင်းချင်ပေမယ့်  မဆင်းရဲ့သည့်ပုံစံဖြစ်နေတာကြောင့် ကူညီပေးဖို့ ဆုံးဖြတ်လိုက်သည် ။

တိုက်ပုလေးဖြစ်ပေမယ့်လို့ ဂျွန်ဂယူ၏အရပ်နှင့်မမှီပေ ။

" ဟိတ်ကြောင်လေး! ခုန်ဆင်းလိုက် ငါဖမ်းပေးထားမယ် "

" ညှောင် "

ကြောင်က တညှောင်ညှောင်လုပ်ပြီးမဆင်းလာသောကြောင့် နောက်တစ်ခု ကြံရပြန်သည်။ ဘေးပတ်လည်ကို ကြည့်မိတော့ ခုံတစ်လုံးကိုတွေ့တာကြောင့် ခုံကို ခုကာ တက်လိုက်တော့ ကြောင်လေးကို လက်လှမ်းမှီသွားသည် ။

သို့ပေမယ့် ကြောင်သည် ဂျွန်ဂယူ၏လှမ်းထားတဲ့ လက်ကိုဆွဲကုတ်လိုက်တာကြောင့် အလန့်တကြား ဖြစ်သွားကာ ခုံပေါ်က  ပြုတ်ကျတော့သည် ။
မြေပြင်ပေါ် ပြုတ်ကျမည် ဟုထင်ပေမယ့် တစ်စုံတစ်ယောက်ရဲ့ ထိန်းကိုင်ပေးမှု နှင့်အတူ ထိုသူ၏ရင်ခွင်ထဲသို့ရောက်သွားသည်

" အဆင်ပြေရဲ့လား ချာတိတ် "

အသံလာရာကို မော့ကြည့်မိတဲ့အခါ သူ၏နှလုံးခုန်သံများသည် ရထားစက်ခုတ်မောင်းသော အသံကဲ့သို့ ဆူဆူညံနေသည် ။
ထိုလူရဲ့ချောမောမှု ကို သူမပြောပြတက်။ ဒါပေမယ့် ထိုလူရဲ့မျက်နှာဟာ ကြည့်ပြီးရင်းကြည့်ချင်နေသော မျက်နှာလေးဖြစ်သည် ဟု မှတ်ချက်ချမိသည် ။

" ဟက်! ကိုယ့်ရဲ့မျက်နှာက အဲ့လောက်တောင်ဆွဲဆောင်မှုရှိနေတာလား
ချာတိတ်ရဲ့ ဟမ်းးး "

Love Story Where stories live. Discover now