6

379 51 26
                                    

<< Unicode >>

LOVE STORY~~

နေရောင်ခြည်နွေးနွေးတို့ ဦးရဲ့မျက်နှာ ပေါ်ဖြာကျနေပုံက မနာလိုချင်စရာ ။ မနက်ခင်းမှာ ဦးနဲ့အတူတူရှိနေတယ်ဆိုတဲ့ အသိနဲ့တင် ကျေနပ်မှုက အတိုင်းသား။ သွေးကြောမျှင်တို့ယှက်ဖြာနေတဲ့ ဦးရဲ့ပါးပြင်လေးဟာ ကိုက်ပစ်ချင်စရာ ။တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းဖူးဖူးလေးကိုလဲ ဂျွန်ဂယူက ရန်ရှာချင်သေးသည်။

သို့ပေမယ့် စိတ်ကိုထိန်းချုပ်ထားရမည် ။ဦးက ပြန်ကျီစယ်တဲ့အခါ ငိုရမည့်သူက ဂျွန်ဂယူပင်မဟုတ်လား?

ဦးက မျက်ခုံးလေးလဲ လှလိုက်တာပဲ ၊ မျက်တောင်စိတ်စိတ်ရယ် လှုပ်လီလှုပ်လဲ့မျက်ခွံလေးရယ်ကြောင့် ဂျွန်ဂယူက ပြုံးမိပြန်သည်။နှာတံစင်းစင်းလေးကလဲ ဂျွန်ဂယူသာ လူကောင်ပိစိလေးဖြစ်မယ်ဆို လျှောစီးပြစ်မိမှာ ။ ကိုယ့်အတွေးနဲ့ကိုယ် အသံတိတ်ရယ်နေမိသည် ။ ရုတ်တရက် ပွင့်လာတဲ့ ဦးရဲ့ မျက်လုံးတွေကြောင့် ဂျွန်ဂယူက လန့်သွားကာ အနောက်သို့ဆုတ်လိုက်မိရင်း ကုတင်ပေါ်ကပြုတ်ကျသွားတော့သည် ။

" အ့ "

ဂျွန်ဂယူကသာ နာသွားလို့ ဆူပုတ်နေပေမယ့် ဦးကတော့ ကုတင်ထက် တစောင်းလဲကာ လက်ထောက်လို့ လက်ဖဝါးပေါ် ခေါင်းတင်ရင်း ဂျွန်ဂယူအား ကြည့်ကာ သွားဖုံးတွေပေါ်တဲ့အထိ ရယ်သည် ။

" ဒါ လူမိလို့ဖြစ်သွားတဲ့ ပုံစံပေါ့လေ ဟုတ်လား?ဟမ်း ချာတိတ် "

ဦးအား မျက်စောင်ထိုးကာ ဆူပုတ်နေမိသည် ။

'ဒါ လှောင်စရာလားပြော ! '

" ဟော ဒါက ရွှေစိတ်တော် ငြိုးတာပေါ့လေ ဟုတ်လား? "

အဖြေမရှိတဲ့ မေးခွန်းတွေကို မေးလိုက် ရယ်လိုက် လုပ်နေတဲ့ ဦးဟာ ဒေါသထွက်ပစ်ချင်စရာ။ဂျွန်ဂယူက ပေကပ်ကပ်လုပ်နေတော့မှ
ဦးက အိပ်ယာထက်ကနေ သူ့ဆီသို့ ထလာကာ ဆတ်ခနဲ ကောက်ပွေ့သည် ။ အလန့်တကြား ဖက်တွယ်မိတဲ့ ဦးရဲ့ လည်တိုင်လေး။

" ဦးက ချစ်လို့စတာပါ ချစ်သည်းရ ဆူပုတ်ပုတ် လုပ်မနေနဲ့ ..မျက်နှာသစ်ကြမယ်နော် "

Love Story Where stories live. Discover now