<< Unicode >>
Love Story~~
5နှစ်သားဟျွန်းဆော့ခီရဲ့ အကြည့်ထဲ ၀င်လာတဲ့ ပုံရိပ်လေးနှစ်ခု ...အဖေဖြစ်သူနဲ့ကလေးငယ်သည် ပျော်ရွှင်စွာ ဆော့ကစားနေကြသည် ။ ထိုလူသားနှစ်ဦးရဲ့မျက်နှာပေါ်မှာ ဖြစ်ပေါ်နေတဲ့ အပြုံးတွေ ၊ ပျော်ရွှင်မှု အမူအရာတွေဟာ ဟျွန်းဆော့အတွက် အလွန်ပင်အားကျရပါသည် ။
" မေမေ..သား ဖေဖေ့ကိုလွမ်းတယ် "
ဟျွန်းဆော့ရဲ့ စကားအဆုံး အမေဖြစ်သူခဗျာလဲ နှစ်သိမ့်ဖို့ရာ စကားစရှာမတွေ့ခဲ့ ။ထိုအချိန်တွေဟာ ဟျွန်းဆော့ တို့ သားအမိဖို့ ပြန်မသွားချင်သော အချိန်တစ်ခုနှင့် မေ့ပြစ်ဖို့ရာလဲ မဖြစ်နိုင်တဲ့ အခက်ခဲဆုံး အချိန်ကာလတစ်ခုဖြစ်သည် ။
အဖေဖြစ်သူနဲ့ အဖိုးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ ၈ရက်မြောက်သောနေ့...
" ဟျွန်းဆော့ခီလေးနဲ့ ဖေဖေ့မှာလဲ အဲ့လိုပျော်ရွှင်မှု အမှတ်တရတွေ ရှိခဲ့တယ်လေ "
အမေဖြစ်သူရဲ့စကားအဆုံး သူလဲ အဖေဖြစ်သူနဲ့ အမှတ်တရတွေရှိခဲ့ဖူးတယ်ဆိုတဲ့အတွေးက ဖြေသိမ့်စရာဖြစ်ခဲ့ပေမယ့် တစ်ချိန်ထဲမှာပဲ အတွေးထဲ၀င်လာခဲ့သည် က ဖွားဖွား ဗိုက်ထဲက ကလေးလေး ..
" ဒါဆို ကလေးလေးကျတော့ရော? ..သူနဲ့ ဖိုးဖိုးကြားမှာ အမှတ်တရဆိုတာ ရှိမှမရှိခဲ့ပဲ.. ဒီလိုမြင်ကွင်းတွေ မြင်ရတဲ့အခါ ၀မ်းနည်းမှာပေါ့နော် "
" အွန်းပေါ့ ဒါ့ကြောင့် ဟျွန်းဆော့ခီလေးက ကလေးလေး၀မ်းမနည်းရအောင် ကာကွယ်စောင့်ရှောက်ပေးရမယ်နော် "
"......"
အဲ့ဒီနေ့က ဟျွန်းဆော့ဟာ အဖြေစကားမဆိုခဲ့ပေမယ့် နှလုံးသားထဲ ရေးထိုးထားမိသည်က ၀မ်းနည်းမှု ဆိုတဲ့စကားစုကို ဖွားဖွားဗိုက်ထဲက ကလေးလေးရဲ့ဘ၀တစ်လျှောက်လုံးနဲ့ ဝေးအောင်ထားမည်ဟုသာ~~
........................
~ဖွားဖွား ဗိုက်ထဲက ကလေးလေးက ထွက်မလာသေးဘူးလား? ~
ဆူပုတ်ပုတ်လေးနဲ့ ပြောနေတဲ့ ၅နှစ်သားဟျွန်းဆော့ခီက တကယ့်ကိုချစ်စရာ ....