Ep-2

31 1 0
                                    

နောက်တစ်နေ့မနက်ရောက်သော် ထုံးစံအတိုင်း ကျွန်မရဲ့ကျေးငှက်လေးတွေအသံနဲ့အတူ နှိုးထလာခဲ့တယ်
ကျွန်မလည်း ကျောင်းသွားဖို့ပြင်ဆင်ပြီးတာနဲ့ မနက်စာ စားဖို့အခန်းထဲကထွက်ခဲ့လိုက်တယ်

"ပါပါး morning
မာမားလည်း morning"

"Morning ပါဗျာ ကဲ မနက်စာစားကြမယ် ခနနေပါပါး မြို့ထဲ ဈေးဝယ်သွားရအုံးမှာမလို့ မီးလည်း ဖယ်ရီလာတော့မှာမလား"

"ဟုတ် ပါပါး"

ဒီလိုနဲ့မိသားစု၃ယောက် မနက်စာစားကြလေသည်
စားပြီးသွားသောအခါ

ပါပါးမှ "မေကြီးရေ  ကျုပ်သွားပြီ မီးရေပါပါးသွားပြီနော် မီးအတွက် ဘာဝယ်ခဲ့ရမလဲ"

"ဘာမှမဝယ်ခဲ့နဲ့ ပါပါး မီး မလိုအပ်သေးဘူး လိုအပ်မှပြောမယ်နော် ပါပါး သေချာဂရုစိုက်သွားနော်"

"ဟုတ်ပါပြီဗျာ"

ပါပါးထွက်သွားပြီးတော့ ပန်းကန်ဆေးရန်ပြင်နေတဲ့ မာမားကို

"ပန်းကန်တွေ ပေး မာမား သမီးဆေးလိုက်မယ်"

"ရပါတယ်တော် ဒါတွေကကျုပ်လုပ်နေကျအလုပ်တွေပါ ခနနေဖယ်ရီလည်းလာတော့မှာ ဧည့်ခန်းထဲမှာအသင့်စောင့်နေလိုက် သွား"

"မာမားလုပ်နေကျအလုပ်မှန်းတော့သိတာပေါ့ မာမားကို ကူညီပေးတာပါ"
(အံမယ် ficထဲ သူလိမ္မာပါတယ်ပေါ့ အပြင်မှာကျ နည်းနည်းလေးတော့ဆိုးပါတယ် *နည်းနည်းလေးပါပဲ* (မအူဝဲလေသံဖြင့်)🤣)

"ပြီးတာပဲ အာ့ဆို မာမားဆိုင်ဖွင့်တော့မယ် မုန့်ဖိုးရှိသေးလား မရှိ‌ရင် မာမားပိုက်ဆံအိတ်ထဲကယူသွားလိုက်"

"ရှိသေးတယ် မာမား မယူတော့ဘူး"

"အေးအေး အာ့ဆိုမာမား ဆိုင်ဖွင့်ပြီ မီးလည်းမြန်မြန်လုပ် တော်ကြာဖယ်ရီကစောင့်နေရလိမ့်မယ်"

"ဟုတ်ကဲ့ပါ မာမားရဲ့"

မာမားလည်း ထမင်းစားခန်းထဲကထွက်တော့ ကျွန်မလည်း ပန်းကန် ဆေးစရာလေးတွေဆေးပြီး ဖယ်ရီကားအလာကို စောင့်နေလိုက်တယ်

ခနနေတော့ ဖယ်ရီကားရောက်လာပြီး ကျောင်းကိုလာခဲ့တယ် ကျောင်းလည်းရောက်ရော

May & MgWhere stories live. Discover now