"ဟဲ့ ယွန်းရေ နင်တို့ gymဆော့တာ ဘယ်လိုနေလဲ ပြီးတော့ trainer တွေကရော ချောလား ချောရင်ငါလည်း လာဆော့ချင်လို့"ဆိုပြီး အဝင်းမကပြောတော့
"အရေးထဲ ဒီနှာပူးမကတစ်မျိုး ငါတို့မှာ ခြေသလုံးတွေနာရတဲ့အထဲ ပြီးတော့ ချောမချောလည်းမသိဘူး ဘယ်သူ့မှလည်းသေချာလိုက်ကြည့်မနေဘူး"
"အေးပါ အချေမရယ် နင်ဆိုသည်မှာလည်း အကုန်ကိုချေမယ်ဆိုတာပဲ ချေစရာမရှိ ကြွပ်ကြွပ်အိတ်တွေ ထိုင်ချေနေမယ့်သူမျိုး"
"လာလာ စကားများမနေနဲ့ စာလုပ်ကြမယ် နောက်အပတ်ဆို စာမေးပွဲဖြေရတော့မှာ ဒါနဲ့ဟိုနှစ်ယောက်ကမလာတော့ဘူးလား"
"မသိဘူးလေ ငါ့ကိုဘာမှမပြောဘူး နေဦး ဖုန်းဆက်လိုက်အုံးမယ်"ဆိုပြီး အဝင်းကဖုန်းဆက်ဖို့ပြင်တော့
"ဆက်မနေနဲ့ ဟိုမှာလာနေပြီ"
ဟိုနှစ်ယောက်လည်း အနားရောက်ရော ကျွန်မလည်း မေးမလို့ရှိသေးတယ်"နေဦး နင်မမေးနဲ့ ငါပဲ ဖြေမယ် ငါနောက်ကျတာက အဖေက ငါ့ဆိုင်ကယ်ခနယူသွားလို့ အဖေ့စောင့်နေတာနဲ့ ကြာတာ ဖြူကြီးကကျတော့ အိပ်ယာထ နောက်ကျလို့တဲ့"
"အေးအေး နင်တို့အမြဲနောက်ကျနေလိုက် ပြီးတော့ ပြောရအုံးမယ် မနက်ဖြန်ကစပြီး အိမ်တစ်အိမ်မှာပဲ စုပြီး စာလုပ်ကြမယ် ဘယ်သူ့အိမ်မှာ လုပ်မလဲ နင်တို့ဆုံးဖြတ်"
ထိုအခါ အဝေက
"ငါကတော့ နင့်အိမ်ပဲ နင်တို့နှစ်ယောက်ကရော ဘယ်မှာလုပ်မှာလဲ"
ဖြူကြီးနဲ့အဝင်းနှစ်ယောက်ကပြိုင်တူ
"ငါတို့လည်း သူ့အိမ်ပဲ ရွေးတယ်""အေး အဲ့တာဆို မနက်ဖြန် မနက်၉နာရီကနေ ညနေ၄နာရီထိ စာလုပ်ကြမယ် ထမင်းတော့ ငါ့အိမ်မှာပဲစားကြ"
"၄နာရီထိဆိုရင် နင်တို့gym ဘယ်အချိန်သွားကြမှာလဲ"
"၄ခွဲပေါ့ဟယ် စာမေးပွဲနား နီးတော့အရင်လို ၂နာရီကြာအောင် မဆော့တော့ဘူး ၁နာရီခွဲလောက်ပဲဆော့မယ် နင် အဆင်ပြေမလား အဝေ"
"ငါကဘယ်လိုနေနေ အဆင်ပြေပါတယ် အဲ့တာဆို ငါတို့ မနက်ဖြန် ၈ခွဲအရောက်လာမယ် ၉နာရီထိုးတာနဲ့ စာလုပ်ကြမယ်"
ဒီလိုနဲ့ ကျောင်းမှာစာလုပ်ကြရင်း နေ့တစ်ဝက်လည်းရောက်ရော
YOU ARE READING
May & Mg
RomanceGym trainner မမနဲ့ တက္ကသိုလ်ကျောင်းသူ ညီမလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းမှာပါတဲ့ အကြောင်းအတချို့က တကယ့်အဖြစ်အပျက်လေးတွေကို မှီငြမ်းပြီးရေးထားတာပါရှင့်။ ဒီဇာတ်လမ်းမှာရေးထားတဲ့ နာမည်တွေက တခြားficတွေရဲ့ နာမည်တွေနဲ့တိုက်ဆိုင်မှုရှိခဲ့ရင် ကြိုပ...