Ep-4

24 1 0
                                    

နောက်တစ်နေ့မနက် ရောက်သော် မာမားမှ
"မီးလေးရေ မီးသူငယ်ချင်း ရောက်နေတယ်"

"ဟုတ် မာမားလာပြီ"

"ဟက် အဝေမ ဝရိယကောင်းလှချည်လား ခုမှကိုးနာရီပဲရှိသေးတယ်"

"၉နာရီက နောက်မကျပါဘူးဟယ်"

"မသိဘူးလေ အရင်ကဆိုနင်က ကျောင်းပိတ်ရက်ဆိုရင် ၁၀နာရီလောက်မှထတာလေ"

"ဒီနေ့ကသွားစရာရှိလို့လေ အမရယ် တော်ပြီ နင်အဲ့လိုပြောနေမယ်ဆိုရင် ငါပြန်တော့မယ်"

"အမလေး နင်ကလည်းငါကစတာပါ လာသွားရအောင်"

"မာမားရေ မီးတို့သင်တန်းသွားစုံစမ်းလိုက်အုံးမယ်နော်"

"အေးအေး သေချာဂရုစိုက်သွားကြနော်"

"ဟုတ်ကဲ့"

"အဝေ ငါတို့ gymကို ဘယ်အချိန်ဆော့ရင်ကောင်းမလဲ"

"သူတို့ကဘယ်အချိန်ကနေ ဘယ်အချိန်ဖွင့်မလဲ မသိဘူး သူတို့သေချာမေးပြီးမှ ငါတို့အချိန်ညှိပြီး ဆော့ကြတာပေါ့ စာမေးပွဲကလည်းဖြေရတော့မှာလေ"

"အေး အဲ့တာလည်းဟုတ်ပါတယ်"
ဒီလိုနဲ့ ကျွန်မနဲ့ အဝေ စကားပြောရင်း လျှောက်လာတာ gym သို့ ရောက်လာသည်။
Gym Centerထဲလည်းရောက်ရော အမနှစ်ယောက်ကလာပြီး

"မဂ်လာပါ ညီမလေးတို့  'FUTURE GYM Training Center'မှ ကြိုဆိုပါတယ်"(အပြင်မှာ ဒီနာမည်နဲ့ gym centerမရှိပါဘူးနော်😁)

ထိုအခါ ကျွန်မမှ "ဟုတ်ကဲ့အမ ညီမတို့ gym ဆော့ချင်လို့ အဲ့တာလာပြီး စုံစမ်းတာပါအမ"

"ဟုတ်ပြီ ညီမလေး ပထမဆုံး အနေနဲ့ အမတို့ gymမှာ ကစားမယ်ဆိုရင် gymဖွင့်ချိန်က မနက်ကို ၆နာရီကနေ ၁၂နာရီထိ၊ နေ့လည်ကို ၂နာရီကနေ ည၇ နာရီထိဖွင့်ပါတယ် အဲ့အချိန်အတွင်း ကြိုက်တဲ့အချိန် လာကစားလို့ရတယ်နော် အမတို့နဲ့ အမတို့ရဲ့ ဆရာတွေက သေချာဂရုတစိုက် လေ့ကျင့်သင်ကြားပေးမှာပါ ညီမလေး"

"ဟုတ်ကဲ့ အမ အဲ့တာဆို သင်တန်းကြေးကရော ဘယ်လောက်လဲ ပြီးတော့ ကိုယ်စဆော့တဲ့ရက်ရောက်မှပေးရမှာလား ဒါမှမဟုတ် လကုန်မှလား အမ"

"အခု ညီမလေးတို့က လလယ်ပိုင်းဆိုတော့ အခုရက်ကစဆော့မယ်ဆိုရင် တစ်လစာရဲ့ တစ်ဝက်ပဲ ပေးရပြီးတော့ နောက်လတွေဆိုရင်တော့ လကုန်ရင် သင်တန်းကြေးပေးသွင်းရမှာပါညီမလေး သင်တန်းကြေးလေးကတော့ တစ်လကို ၂၀၀၀၀ ပါ ညီမလေး ၃လစာတစ်ခါတည်းပေးရင်တော့ တစ်လ freeဆော့ခွင့်ပေးတယ် ညီမလေး"

May & MgWhere stories live. Discover now