🔗WTD - 1🔗

1.7K 294 106
                                    

UNICODE

St. Louis, Missouri, United States.
စိန့်လူဝစ်, မစ်ဆူရီ, အမေရိကန်ပြည်ထောင်စု။

" Nice!~ ပွဲသိမ်း!.."

စားပွဲပေါ် ပစ်တင်လိုက်တဲ့ ကဒ်ကြောင့် ဝိုင်းထဲရှိတွေ မျက်နှာတွေ ပျက်ကုန်ကြသည်..

SeokJin နှုတ်ခမ်းလှုပ်ရုံလေး တစ်ချက်ပြုံးလ်ိုက်ကာ ဖွာလက်စ ဆေးလိပ်ကို ပေါင်ပေါ်က ကောင်မလေး နှုတ်ခမ်းမှာ တပ်လိုက်ရင်း ဒေါ်လာသန်းပေါင်းများစွာနဲ့ညီတဲ့ တိုကင်ပြားတွေကို လိုက်သိမ်းလိုက်သည်..

ဒီဗီလာခန်းမထဲမှာ နိုင်ငံတကာမှာ အုပ်စိုးနေတဲ့ ဒိတ်ဒိတ်ကျဲတွေရှိတယ်.. တော်ဝင်မျိုးနွယ်တွေ၊ ကမ္ဘာ့ရှားပါး တိရစ္ဆာန်မျိုးစိပ်တွေကို ကိုင်တွယ်ထားတဲ့သူတွေ၊ စီးပွားရေးဈေးကွက်ရှာတဲ့လူတွေ၊ နယ်မြေအုပ်စိုးဖို့ ချဲ့ထွင်နေတဲ့ လောဘသမားတွေ..

သူပုခုံးလှုပ်ရုံရယ်လိုက်တယ်.. အာဏာနဲ့ငွေကို ဘယ်လောက်ပဲ လက်ကိုင်ထားထား သူနဲ့တွေ့ရင်တော့ အရှုံးဆိုတာ နဖူးတွေ့ဒူးတွေ့တွေပဲ..

" လောင်းကြေး!.."

သူ့ရှေ့ရောက်လာတဲ့ ချက်စ်လက်မှတ်တွေက နှစ်ညအိပ်လောက် ရေရမည့် သုညပမာဏတွေ..

မျက်ခုံးတစ်ဖက်ပင့်ကြည့်လိုက်တော့ ရှေ့တည့်တည့်စားပွဲဝိုင်းမှာ ထိုင်နေတဲ့ လူက မေးရိုးတွေသွယ်ကျနေပြီး အတော်ကို ဆက်စီကျသည်..

ရင်ဘတ်ထိ ဖြုတ်ချထားတဲ့ ကြယ်စေ့တွေကြောင့် ဖုထစ်နေတဲ့ ရင်ဘတ်တွေက အရှိုက်ရှိုက် အဖိုဖို..

စားပွဲပေါ် တစ်တောက်တောက်ခေါက်နေတဲ့ လက်ချောင်းတစ်ချောင်းချင်းစီမှာ မျက်စိမလွဲချင်လောက်အောင် ဆွဲဆောင်မူရှိတဲ့ တက်တူးအသွယ်သွယ်တွေ..

ဝိုင်ခွက်ကို လှုပ်သောက်နေရင်း သူ့ကို မေးဆပ်ပြကာ စိန်ခေါ်လာတယ်..

သူကလောဘမကြီးဘူး.. ဗိုက်ဆာတဲ့အချိန်မှ လုစားတတ်ခဲ့တဲ့ လမ်းဘေးအကျင့်ကြောင့် ဘယ်လောက် ငွေများများ သူ့ကို မဆွဲဆောင်နိုင်..

ဒါပေသည့် ဦးနှောက်ပျက်နေတာ မဟုတ်တဲ့ သူက ချက်စ်လက်မှတ်တွေကို ကောက်ကိုင်လိုက်ရင်း ယက်ခတ်လိုက်သည်..

⚠️🔗WANTED🔗⚠️Where stories live. Discover now