🔗WTD - 2🔗

1.5K 228 79
                                    

UNICODE

Oakland Bay, San Francisco, Northern California.
ဥက္ကလံပင်လယ်အော်၊ ဆန်ဖရန်စ္စကိုမြို့တော်၊ ကယ်လီဖိုးနီးယားပြည်ထောင်စု၊ မြောက်အမေရိက။

Location: Pacific Ocean.
တည်နေရာ= ပိစိဖိတ်သမုဒ္ဒရာ။

" ဆရာ တည်နေရာက ကိုလံဘီယာကမ်းရိုးတန်းကို ညွှန်ပြနေပါတယ်.."

YoonGi တက်တစ်ချက်ခေါက်လ်ိုက်ရင်း ရွက်လှေခေါင်ထိပ်ထိ တက်ပြီး မှန်ပြောင်းကို ဆွဲယူကာ ကမ်းကပ်လို့ရမယ့် နေရာကို ရှာဖွေလိုက်တယ်..

မီးပြတ်ိုက်တောင် မမြင်ရလောက်အောင် မှောင်မဲနေတဲ့ ကမ်းရိုးတစ်လျှောက်ကို ကြည့်ပြီး ဒေါသတွေက တစ်လိမ့်လိမ့်တက်လို့လာတာ ရင်မှာ အပူမီးတွေနဲ့အမျှ..

အသတ်တော့ မခံရလောက်သေးပါဘူးလို့ တွေးထားပေမယ့် အာရပ်စော်ဘွားတွေလက်ထဲရောက်သွားရင်တော့ အသတ်မသေတောင် လူရုပ်က ထွက်တော့မှာမဟုတ်!..

တော်သေးတာက ဟိုကောင့်ကို စော်ဘွားကောင်တွေက ရောမထိ ခေါ်မသွားတာဘဲ ပြေးကျေးဇူးတင်ရမလိုပဲ..

သူ စပိန်က မှာထားတဲ့ Mangusta Yacht ကို ပေါင်တံရှည်မလေးတွေနဲ့ အပန်းဖြေရင်း ရွက်လွှင့်မယ်ဆိုပြီး တေးထားပေမယ့် ဟိုကောင့်ကို သွားကယ်တဲ့နေရာမှာ အရေးပေါ်သုံးရလိမ့်မယ်လို့ တခါမှ တွေးထင်မထား!..

အိမ်တော်မှာ ကျန်ခဲ့တဲ့ကောင်တွေက ရေဒါပေးပို့လာတဲ့အချိန်မှာတော့ YoonGi လှေထဲ ပြေးဝင်သွားပြီး သေနတ်သေတ္တာကို ဖွင့်ကာ ကျည်အပြည့်ဖြည့်ထားတဲ့ ခါးစည်းလည်သာကို ပတ်လိုက်သည်..

လက်မောင်းနဲ့ ပေါင်မှာ အိတ်ဆောင်ဓားတွေ ထိုးထည့်လိုက်ရင်း ရိုင်ဖယ်ကို ဆွဲကိုင်ကာ သေနတ်သေတ္တာကို သူ့လူတွေဆီ ကန်ပေးလိုက်သည်..

" ရှိသမျှ လက်နက်အကုန်သယ်ခဲ့! အသက်ကယ်လှေချ!!.."

Kim SeokJin ရဲ့ တည်နေရာကို ပြနေတာက ကမ်းနဲ့အနီးဆုံးက ဗီလာ..

သတ်မယ့်ဟာကို ဂိုထောင်တွေ အဆောက်အအုံပျက်တွေ နေရာခေါ်မသွားဘဲ ဒီလိုခမ်းခမ်းနားနားနေရာကို ခေါ်လာတာဆိုတော့ အသက်သေရမှာ မကြောက်တဲ့ Kim SeokJin က ဒူးနှံ့ပြီး ပျော်လို့တောင်နေအုံးမည်..

⚠️🔗WANTED🔗⚠️Where stories live. Discover now