"Jen Jen Liပြောတာနားထောင်ပါဦး"
"ဘာနားထောင်စရာလိုလို့လဲLisaနင့်ဟာနင်ဘယ်သူနဲ့တွဲတွဲငါနဲ့ဘာဆိုင်လဲ ဖယ်စမ်းပါ"
Jenဟာအရင်အတိုင်းပဲမပြောင်းလဲကျမကိုဂရုမစိုက်တုန်းအလေးမထားတုန်းခုလဲကျမကိုထားခဲ့ကာထွက်သွားပြန်ပြီ
Jenကိုစတွေ့ခဲ့တာလွန်ခဲ့တဲ့2နှစ်ကေကျာင်းပြီးလို့အိမ်ပြောင်းလာတဲ့အချိန်ပေါ့ ကျမတို့ပြောင်းလာတဲ့အိမ်ကJenအိမ်ဘေးဖြစ်နေခဲ့တယ် အဲ့ချိန်ကတည်းကသူမကိုစတွေ့ခဲ့တာကိုယ်ကသာသတိထားမိနေတာJenကတော့ကိုယ့်ကိုသိတဲ့ပုံတောင်မပေါ် တက္ကသိုလ်တက်တော့လည်း Jenတက်တဲ့နေရာကိုသာရွေးတတ်ခဲ့သည် တစ်ခန်းထဲကျပြီးကျမကအရင်သွားမိတ်ဆက်မှJenကကျမကိုစသိတယ်လေ ကျောင်းစတက်ကတည်းကသူနဲ့သူငယ်ချင်းဖြစ်ခဲ့တာအခုဒုတိယနှစ်လယ်အထိ ကျမJenကိုချစ်သည် သူမကိုတော့ပြောမပြရသေးပြောပြဖို့လဲမရဲ နောက်အပတ်ကျကျောင်းတွင်းပျော်ပွဲစားထွက်ရမှာ အဲ့ကျမှပြောပြဖို့ဆုံးဖြတ်ထားသည် တကယ်တမ်းကျမဖွင့်သာမပြောသေးတာပါJenခိုင်းသမျှလုပ်ဘာမဆိုJenအလိုကျJenစကားလည်းအမြဲနားထောင်တော့ဘေးလူတွေတောင်ရိပ်မိကြမယ်ထင်ပါရဲ့
Jenကတော့တကယ်မသိတာပဲလားမသိချင်ယောင်ဆောင်နေတာပဲလားမသိ
အခုလည်းကျမကိုတခြားတစ်ယောက်ကဖက်တာမြင်တော့စိတ်စိုးတယ်တဲ့ သူကကျ
ကျမကိုသူ့လက်တောင်အကိုင်မခံ အခုကလည်းအသိအမတစ်ယောက်ပါ Jenကိုရှင်းပြလို့လည်းရမှာမဟုတ်ဒါ့ကြောင့်မရှင်းပြဖို့ပဲဆုံးဖြတ်လိုက်သည်.........
ဘာလိုလိုနဲ့ကျောင်းခရီးသွားရမဲ့ရက်တောင်ရောက်ခဲ့ပြီJenကိုရှာရဦးမည်
ဟောတွေ့ပါပြီ ကျမသိပ်ချစ်ရတဲ့Jenလေး
နက်ပြာရောင်ဂျင်းဘောင်းဘီရယ်နက်ပြာရောင်လက်ရှည်လေးရယ်အပြာရောင်ဦးထုပ်လေးရယ်Maskကတပ်ထားသေးတစ်ကိုယ်လုံးမှာမြင်ရတာဆိုလို့မျက်လုံးပဲရှိသည် လမ်းလျှောက်တဲ့ပုံစံကိုကြည့်တော့အချေစတိုင် သူ့ဘေးကစက်ဘီးတစ်စီးဖြတ်သွားတော့ခန္ဓာကိုယ်လေးတွန့်သွားပုံက ကလေးတစ်ယောက်လို အဲ့လိုပါတစ်ခါတစ်လေကျသူနဲ့မတူတောင်ချစ်ဖို့ကောင်းလွန်းသည်
ကျမJenနားရောက်သွားပေမဲ့Jenကအဖက်မလုပ် ဒါကြောင့်ကားပေါ်ပဲတက်ခဲ့လိုက်သည်
ကားပေါ်ရောက်တော့လည်းကျမဘေးမထိုင်နောက်ဆုံးတန်းကိုသွားထိုင်သည်
အဲ့တော့ကျမလည်းလိုက်ထိုင်ရတာပေါ့
သူ့ကိုဘေးအစွန်ဆုံးပို့လိုက်ပြီးသူ့ဘေးမှာထိုင်လိုက်သည် Jenကိုဘယ်သူ့နားမှမထိုင်စေချင်ပါ နောက်တော့မကြာကျမဘေးကိုတခြားတစ်ယောက်ရောက်လာသည် အခြားသူတော့မဟုတ်ကျမဒီစရောက်တည်းကခင်ရသည့်JiJiပင် ခင်တယ်ဆိုပေမဲ့လျှောက်မလည်ဖြစ်စကားဖောင်ဖွဲ့မပြောဖြစ်ကျမကအမြဲတမ်းJenနားကပ်နေလို့အဲ့လိုတွေမလုပ်ဖြစ်တာနေမယ်
JiJiပုံကစာဂျပိုးပုံအိမ်လည်းမပိုင်တဲ့သူ မျက်မှန်တစ်လက်နဲ့ဆိုတော့ရုပ်မလှပုံပေါ်နေတာပေါ့ပြီးတော့အဝတ်အစားလဲမရွေးတတ်
တကယ်တော့သူလည်းလှပါသည် သေချာကြည့်ရင်ပေါ့ ကျမကပဲစနှုတ်ဆက်လိုက်သည် JiJiမှာကျမကလွဲခင်စရာလူမရှိ သူကလဲစကားနည်းတော့ဘယ်သူနဲ့မှမပြောဖြစ်တာဖြစ်မည်အချိန်ပြည့်စာအုပ်နဲ့မျက်နှာပဲကပ်နေတာဆိုတော့..
YOU ARE READING
Why Don't We?(8 Letters)-One Short
Fiksi Penggemar"Lisa မင်းကငါ့အပိုင်ပဲ!" Complete!