ခင်ဗျားတို့်တွေမျက်ဝန်းတွေကစကားပြောတယ်
ဆိုတာကိုယုံကြလား ။ ဒါမှမဟုတ် မျက်ဝန်းလှလှ
ပိုင်ရှင်တွေကိုမြင်ဖူးကြလား ။
ချစ်ခြင်းတွေဘယ်ကစသလဲ မေးခဲ့ရင် အကြည့်
လေးတစ်ချက်နဲ့မျက်ဝန်းရဲ့ညှို့ငင်မှုအောက်က
လို့ဖြေဖူးလား ။ မြေခွေးလိုမျက်ဝန်းမျိုးနဲ့
မီးခိုရောင်နဲ့အညိုရောင်ကြားကခဲရောင်လို
မျက်ဝန်းတွေအကြောင်းသိလား ။ တစ်ခါတစ်ရံ
မြင်ဖူးလား ။ ကျွန်တော်အာ့မျက်ဝန်းလေးအကြောင်း
ပြောပြမယ်....။______________Glimpse _____________
သာယာတဲ့ရာသီဥတုလို့ပဲသမုတ်ရမလား ။
အစဉ်အမြဲပြောင်းလဲတတ်တဲ့သဘာဝကြောင့်
လို့ပဲပြောရမလား ။ မပွင့်မလင်းရာသီဥတုက
မိုးသားတွေတရိပ်ရိပ်နဲ့ ။ အချိန်အားဖြင့်
ညနေ ၄:၃၀ မိနစ် ။ ဟန်မြစ်ဘေးနားမှာ
ထိုင်နေမိတာ အချိန်အတော်အသင့်ကြာလျက် ။" ဒယ်ဒီ ~ "
ခေါ်ဝေါ်သံအားကြားပေသည့်တိုင် တစ်ခွန်းမှပြန်
မပြောမိသလို အမူအယာတစ်ချက်တောင်မပြခဲ့ ။အတွင်းလူယုံဖြစ်ပြီးညီအစ်ကိုလိုလည်းခင်ရသည့်
ဂျေးအီက သူ့အားပုခုံးအားပုတ်လိုက်တော့မှ
အသိစိတ်တို့ဝင်ကပ်သည် ။" ဟင် သားလေး "
" အိမ်ပြန်ကြမယ်လေ ညနေစောင်းနေပြီ
မိုးလည်းရွာတော့မယ်ထင်တယ် "" နောက်ထပ် နာရီဝက်လောက်ပဲ သားလေး "
" မရဘူးလေ ဒယ်ဒီ့ကို ဆရာဝန်က အအေးပတ်
လို့မဖြစ်ဘူးတဲ့ လာပါအိမ်ပြန်ကြရအောင်ဦးငယ် ဂျေးအီ ဝိုင်းကူပေးပါဦး သားတစ်ယောက်
ထဲမနိုင်လို့ "စိုးရိမ်စိတ်ဖြင့် ဝှီးချဲနှင့်သူ့အဖေအား ကားပေါ်သို့
အတင်းမတင်ရန်လုပ်ခိုင်းနေသည့် ၈တန်းအရွယ်
ကောင်လေးတစ်ယောက် ။" ငါ ဒီလောက် ခယစွာ ပြောနေတာကို
ဂရုမစိုက်ချင်တာလား မသန်မစွမ်းသူတစ်ဦးမို့
အရေးမစိုက်တာလား ။ မင်းတို့ပြန်ချင်ရင်ပြန်ကြ
၅ နာရီထိုးရင် သူငါ့ဆီပြန်လာမယ်ပြောထားတာ "စိတ်တိုစွာဖြင့်ယွန်းဂီအော်ဟစ်မိသည် ။
ထိုအခါမှ သူ၏ အကိုလေးဖြစ်သူနှင့်ဒယ်ဒီဖြစ်သူ
အား သနားစိတ်လည်းပါသလို စိုးရိမ်စိတ်ဖြင့်
သူပြောထားသည့်အချိန်အတိုင်းအတာတစ်ခုအထိ
လွှတ်ထားပေးမိသည် ။
YOU ARE READING
GLIMPSE SCENE [YM] Completed
Short Storyဘယ်အချိန်မှာဖြစ်ဖြစ်မျက်ဝန်းတွေကိုပဲကြည့်ပါ ဘယ်အချိန်မှာဖြစ်ဖြစ်မျက်ဝန်းတွေကိုပဲကြည့်ပါ