2

61 8 2
                                    

လောကဓံရဲ့ရိုက်ခတ်မှုတွေကြောင့် ကကြိုးရုပ်
သာသာရှိတဲ့ကျွန်တော့်ဘဝအကြောင်း
မေ့ထားပြီး ယနေ့လည်းလုပ်ချင်တာလုပ်မည် ။
နောက်လည်းလုပ်ချင်တာလုပ်ဦးမည် ။
ပျော်ပျော်နေသေခဲဆိုသည့် ဆိုရိုးစကားအတိုင်း
ပေါ့ အသက်ရှင်စဉ်ကာလပတ်လုံးချစ်တဲ့သူကို
ပြန်ချစ်ပစ်လိုက်ဦးမယ် ။

အိပ်ယာနိုးနေတာကြာပြီဖြစ်သော်လည်း
ဒီနေ့ရောဘာတွေဖြစ်ဦးမလဲစဉ်းစားရင်း
တွေးတောရင်း မထရသေးပေ ။
ကျောင်းသွားဖို့ ဆုံးဖြတ်ပြီး ရေချိုးခန်းထဲ
ဝင်သွားလေသည် ။

.....

အောက်ထက်သို့ဆင်းလာသောအခါမှာလည်း
ဘယ်သောအခါမှ စီးကြိုမည့်သူနွေးထွေးမည့်
သူမရှိခဲ့သည့် နေ့ရက်တွေ ။
အိမ်တော်၏အကူတွေကသာ မနက်စာဝိုင်းတွင်
ပတ်ပတ်လည် ။

" နွားနို့ ထည့်လိုက်တော့မယ်နော် သခင်လေး "

" ကော်ဖီ တစ်ခွက်လောက် ဖျော်ပေးပါ "

ကောင်လေး၏စကားသံအားကြားသွားသည့်
အိမ်အကူတွေလည်း ဘာမှမလုပ်ရဲဘဲ
ရပ်တန့်နေမိလေသည် ။

" ပြောနေတာမကြားဘူးလား ကော်ဖီအခါးတစ်ခွက်လို့ "

" ရှင် ဟုတ် ဟို သခင်လေးနဲ့မတည့် - "

" လုပ်ဆိုလုပ်လိုက်လေ ဟာကွာ....."

လုပ်ချင်တာလုပ်ခိုင်းပြီးရင် သူ၏ အဖေမှပေးလုပ်
ရကောင်းလားဆိုပြီးအိမ်အကူများအားအပြစ်ပေးပြီး
အလုပ်ထုတ်မှာကိုမလိုလားသောကြောင့် မနက်စာ
ဝိုင်းမှထ ထွက်လာခဲ့သည် ။

ကောင်လေးအတွက်မထူးဆန်းတော့ပေမယ့်
သူ့အမေလက်ထက်ကတည်းကရှိခဲ့သည့်
အဒေါ်ကြီးတစ်ယောက်မှာတော့ကောင်လေးအား
ကြည့်ပြီးသနားမိသည် ။

_________________________

တစ်ဖက်တွင်တော့ ကောင်လေးနှင့်မတူဘဲ
နွေးထွေးမှုရှိသည့်မိသားစုအသိုက်အမြုံလေးရယ် ။
ပျော်ရွှင်မှုတွေပြည့်နှက်နေသည့်ဘဝလေးအား
မြင်တွေ့ရမည်ဖြစ်သည် ။

ကျောင်းသို့ taxi ငှါးပြီးသွားသည့်ကောင်လေး ။
taxi အား သူများတကာလိုစောင့်စရာမလိုဘဲ
ကားဂိတ်ရှေ့မတ်တပ်ရပ်လိုက်တာနဲ့ သူ့အဖေ၏
လူတွေမောင်းသော taxi အမည်ခံကားတွေ ။
နေရာတကာလိုက်ကြည့်ချုပ်နှောင်နေခံရတဲ့
လှောင်အိမ်ထဲကငှက်ကလေးလိုပဲ ။

GLIMPSE SCENE [YM] Completed Where stories live. Discover now