လေလှိုင်းတွေကလည်းဒီနေ့မှပိုပြီးစိမ်းသက်သက်
ရနံ့တွေလိုခံစားနေရတယ် ။
အကြင်နာမိုးလို့သမုတ်ခဲ့သမျှ မိုးရေစက်တွေလည်း
ရွာမလိုလိုနဲ့ကျမလာတဲ့ရေစက်ရေပေါက်တွေ ။
အေးစိမ့်စိမ့်ခံစားချက်ကြီးနဲ့ စာရေးစားပွဲခုံလေးရှေ့က
ပြတင်းပေါက် တစ်ခုကနေ လေအေးတွေကတိုးလို့ဝင်
ရောက်လာတယ် ။
ဒီနေ့ဆို ယွန်းဂီနဲ့လမ်းခွဲပြီးတာနှစ်ပတ်မြောက်နေ့
အိမ်အကူအဒေါ်ကြီးဆီမှာဘယ်သူမှသတိထားမိမှာ
မဟုတ်တာမို့ လာရောက်ဖွက်ထားခိုင်းခဲ့တယ်။
ရေးလက်စဒိုင်ယာရီစာအုပ်လေးကိုပိတ်ပြီး ဗီဒိုထဲမှ
အနွေးထည်လေးထုတ်ဝတ်ဖို့ထလိုက်လေသည်။မိုးပြာနုရောင် သိုးမွေးပွလေး တစ်နည်းအားဖြင့်
ယွန်းဂီ ဝယ်ပေးထားတဲ့လက်ဆောင်လေး
ခက်ရချည်ရဲ့ အကိုရယ်.....။ဖြတ်ကနဲထလိုက်တာမို့ထင်ပါသည် လူနည်းနည်း
ငိုက်ကျသွားသလိုခံစားမိတာမို့စာရေးထိုင်ခုံလေးမှာ
သာအမြန်ပြန်ထိုင်လိုက်သည်။~ဒေါက် ဒေါက်~
"သားရေ အန်တီဝင်လာမယ်နော်"
"ဟုတ်ကဲ့ ရပါတယ် "
အခန်းထဲဝင်လာတော့ သူထိုင်နေတဲ့ နေရာကနေ
ထပြီးအန်တီကြီးအားထိုင်စေသည်။
အန်တီကြီးမှာမချမ်းသာသော်လည်းသူ့အတွက်နေစရာ
ကောင်းကောင်းအခန်းတစ်ခုပေးထားတာမို့ ကျေးဇူး
လည်းတင်မိရပါသည်။
ထိုင်ခုံကတစ်လုံးထဲရှိပြီးစာရေးစားပွဲနှင့်ဆက်ထားသည်။
စာရေးနေရင်းလည်းအပြင်ဘက်အားငေးကြည့်လို့ရအောင်
ပြတင်းပေါက်လေးလည်းရှိတာမို့မိုးရေစက်များအား
မြင်ရပါသည်လေ။ စာရေးစားပွဲ၏ဘေးနားတွင်တော့
တစ်ယောက်အိပ်ကုတင်အသေးလေး။
ပြည့်စုံသည်ဟုပင်ပြောရမည်။အခန်းအသေးလေးတစ်ခန်းရယ်
သူသိပ်ချစ်တဲ့ စာအုပ်တွေနဲ့ ဒိုင်ယာရီ။.
"အန်တီပြောစရာရှိတဲ့သားငယ်"
"ဟုတ် ပြောလေ အန်တီ ရပါတယ်"
"အခု အန်တီပြောမယ့်စကားတွေကိုသေချာနား
ထောင်နော် အမှန်တရားစကားတွေကြီးပြောမှာမို့
ယုံပေးစေချင်တယ်"

YOU ARE READING
GLIMPSE SCENE [YM] Completed
Short Storyဘယ်အချိန်မှာဖြစ်ဖြစ်မျက်ဝန်းတွေကိုပဲကြည့်ပါ ဘယ်အချိန်မှာဖြစ်ဖြစ်မျက်ဝန်းတွေကိုပဲကြည့်ပါ