မိုးမင်းကြီးလည်းရက်စက်တယ် ။
မိုးရေစက်လေးတွေလည်းရက်စက်လွန်းတယ် ။
သက်တန့်လေးတွေလည်းရက်စက်တာပဲ ။
ကျွန်တော့်အပေါ်ကိုမှခါးခါးသီးသီးလေ ။
သူသိပ်သဘောကျပါတယ်ဆိုတဲ့ မိုးရာသီ ။
မိုးရွာပြီးရင်ပေါ်လာတတ်တဲ့ရောင်စုံသက်တန့်ငယ် ။
သူနဲ့စတွေ့ခဲ့တဲ့ အခါဦးမိုး...။
ဒီအရာတွေအကုန်လုံးက မစီစဉ်ထားဘဲ
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတဲ့ ကံကြမ္မာ ။.
ကောင်လေးနှင့်မတွေ့ရသည့်အချိန်ကာလတစ်ခု
တွင် စာသံပေသံဘာတစ်ခုမှမကြားခဲ့ရပါ ။
ကောင်လေးဘက်ကရောသတိရနိုင်မလား ။
အမေကလည်းကောင်လေးအားခဏခဏ
မေးလေသည် ။
ဂျီမင်လေး ပျောက်နေတယ်နော်
ကျောင်းမှာရောမတွေ့ဘူးလား ။
သားအရင်းလေးတစ်ယောက်လို ကျောင်းက
ပြန်လာတိုင်းမေးလေသည် ။
အဖြေကတော့ တစ်မျိုးတည်းသာ...။.
ဗီဒိုထဲမှဓာတ်ပုံအားမြင်ပြီးပြီးချင်းပဲ မျက်ဝန်းအိမ်
တို့မှာမျက်ရည်များဝေ့သီလာပြီး ဗီဒိုအားမှီပြီးပဲ
တစ်နေကုန် ငိုချမိလိုက်သည် ။အငွေ့အသက်တွေ နွေးထွေးမှုတွေ ယုယကြင်နာ
ပေးမှုတွေဟာ မေမေ့ရဲ့ အနူးအညံ့နဲ့တူနေပါတယ်
လို့လေ ။ မေမေနဲ့တစ်ကယ်တူပါတယ်လို့လေ ။
အာ့ကနေ့မနက်ထဲက ခံစားမိခဲ့တာ နှလုံးသားထဲကနေ ။
ငယ်ဘဝရဲ့မိသားစုဓာတ်ပုံလေးကိုအပြေးလေး
ကြည့်လိုက်မှ သားရဲ့မေမေတဲ့လားဟင် ။
ပျော်လည်းပျော်တယ်ဝမ်းလည်းနည်းတယ် ။မေမေပြောတော့ပြန်လာမယ်ဆိုပြီးထားခဲ့တာ
သူမူကြိုအရွယ်ထဲကလေ မေမေ ။
အခုဘယ်လိုဖြစ်ပြီး အကို...အကိုယွန်းဂီရဲ့
အမေ ဖြစ်နေရတာလဲ ။
သူကဘာလို့မေမေရဲ့သားဖြစ်ပြီးနွေးထွေးမှုတွေ
ကိုအပြည့်အဝခံစားမိနေတာလဲ ။ဂျီမင်ရဲ့မျက်ဝန်းအိမ်လေးဟာ ငွေမှင်ရောင်ကနေ
တဖြေးဖြေးနီရဲနေပြီဖြစ်သည် ။
သူလက်မခံနိုင်ပါ ။
ဖြစ်ပျက်ခဲ့သမျှအခြေအနေအားလုံးအားသူတစ်
ယောက်ထဲရင်ဆိုင်နေရသောကြောင့် ခံစားချက်
ပေါင်းစုံရောထွေးပြီး ကြမ်းပြင်ထပ်သို့ ဖုန်းဖုန်းလဲ ။
YOU ARE READING
GLIMPSE SCENE [YM] Completed
Short Storyဘယ်အချိန်မှာဖြစ်ဖြစ်မျက်ဝန်းတွေကိုပဲကြည့်ပါ ဘယ်အချိန်မှာဖြစ်ဖြစ်မျက်ဝန်းတွေကိုပဲကြည့်ပါ