💥နေကိုချည်တဲ့နှောင်ကြိုးငယ်💥
part-1နှင်းမိုးတစ်ဖြိုက်မြူတစ်သိုက်နဲ့ပန်းမြို့တော်ဟုတင်စားခေါ်ဝေါ်လေ့ရှိသည့်ပြင်ဦးလွင်မြို့ရဲ့ဆောင်းရိပ်ခိုနံနက်ခင်းလေးကတော့အေးစိမ့်သက်တဲ့အငွေ့အသက်တွေနဲ့လွှမ်းခြုံလျှက်ရှိနေလေသည်။
မြူရိပ်တွေသည်းနေတဲ့ကြားထဲကပြင်ဦးလွင်မြို့ရဲ့အထင်ကရနေရာများထဲမှတစ်ခုအပါအဝင်ဖြစ်တဲ့ကန်တော်ကြီးကန်ဘောင်လမ်းလေးပေါ်မှာတလှုပ်လှုပ်ရွှေ့လျားလာနေသောအရိပ်သဏ္ဍာန်ငယ်လေးတစ်ခု။
တနည်းအားဖြင့်ဆိုသော်ဆောင်းနံနက်ခင်းဝယ်အပြေးလေ့ကျင့်နေသောကောင်ငယ်လေးတစ်ယောက်။
မြူရိပ်တွေထနေသည့်ကြားထဲကပင်နှင်းပွင့်တစ်မျှဖြူနုနေသောအသားအရည်နဲ့လိုက်ဖက်စွာဝတ်ဆင်ထားသော OLD NAVY ခါးရှုံ့ကြိုးချည်ဆွဲသားဘောင်းဘီရှည်အနက်ရောင်လေးနဲ့ ARMANI EXCHANGE တံဆိပ်ပါ အားကစားအင်္ကျီ အနီရောင်စိုစိုလေးကအဝေးကမြင်လျှင်ပင်ထင်းကနဲနေအောင်ဆွဲဆောင်နိုင်လွန်းသည်။
နှင်းငွေ့ရိုက်ခံထားရသောကြောင့်ဖြူနုနေတဲ့ပါးနုနုလေးနှစ်ဖက်မှာပန်သွေးရောင်လွှမ်းနေရသလိုနှာသီးနီလုံးလုံးလေးကိုတရှုံ့ရှုံ့လုပ်ရင်းနီစိုရဲနေတဲ့နှုတ်ခမ်းနုနုလေးထဲကနေအပူငွေ့တွေကိုတစ်ချက်ချင်းမှုတ်ထုတ်လိုက်ပုံလေးကတကယ့်ချစ်စဖွယ်ကလေးငယ်လေးတစ်ယောက်လို။
ထိုချစ်စဖွယ်ကောင်ငယ်လေးရဲ့နာမည်က ဒီနှောင်ကြိုး။
ပြင်ဦးလွင်မြို့ရဲ့မြို့မျက်နှာဖုံးများဖြစ်ကြတဲ့ဦးမာန်ရိပ်စစ်နဲ့ဒေါ်ပန်းသီကြိုးတို့ရဲ့ရင်နှစ်သည်းခြာသားငယ်လေး။ပြင်ဦးလွင်မြို့ငယ်လေးတွင် "ရင်ရိပ်မြို့" ဒေသထွက်သစ်သီးနဲ့ပန်းမန်အရောင်းခြံကြီးဆိုလျှင်မသိသူမရှိသလောက်ပင်။
ဒေသထွက်သစ်သီးနဲ့ပန်းမျိုးစုံရောင်းချရုံသာမကကိုယ်တိုင်ခူးယူစားသုံးချင်သူများအတွက်ဒေသထွက်သစ်သီးစိုက်ခင်းကြီးကိုသီးသန့်စီစဥ်ပေးထားသလိုလတ်ဆတ်တဲ့သစ်သီးအရသာကိုချက်ချင်းခံစားစေလိုတဲ့စေတနာနဲ့သစ်သီးဖျော်ရည်ဆိုင်လေးပါတွဲဖက်ဖွင့်ပေးထားတာကြောင့်အနယ်နယ်အရပ်ရပ်မှလာရောက်အပန်းဖြေသူတွေအဖို့အကြိုက်တွေ့သောနေရာအဖြစ်လဲထင်ရှားလူသိများလှသည်။
YOU ARE READING
🔥နေကိုချည်တဲ့နှောင်ကြိုးငယ်🔥
Romanceရုပ်ချင်းခွဲမရအောင်တူတဲ့အမွှာကြိုးလေးနှစ်ကြိုးနဲ့အမှတ်မထင်ချည်နှောင်မိသွားတဲ့နေ... နေကိုချည်တဲ့နှောင်ကြိုးငယ်... ဘယ်လိုနှောင်ကြိုးတစ်စကနေကိုခိုင်မြဲအောင်ချည်နှောင်နိုင်မလဲဆိုတာ...