part-3(Uni+Zaw)

49 5 0
                                    

💥နေကိုချည်တဲ့နှောင်ကြိုးငယ်💥
                 part-3

ပန်းပွင့်တစ်ပွင့်၏လှပခြင်းဆိုသည်ကဖန်တီးပြုပြင်ထားသောစိန်စီအလှမျိုးမဟုတ်ဘဲပွင့်လွှာတစ်ချပ်ခြင်းစီပေါင်းဖွဲ့ထားသည့်နူးညံ့သက်ဝင်ခြင်းမျိုးပင်။

သူ့ရှေ့ကကောင်ငယ်လေး၏ဝင်းဖန့်ဖန့်မျက်နှာလေးပေါ်တွင်ဖူးပွင့်လျက်ရှိသောပွင့်ချပ်တစ်ချပ်စီတိုင်းရဲ့အလှကို ရှိုင်း တယောက်တစိမ့်စိမ့်ရှူစားရင်းအကျေနပ်ကြီးကျေနပ်နေရ၏။
အလှအပဆိုသည်ကရှူ့စားတတ်ဖို့၊ခံစားတတ်ဖို့ဘဲမဟုတ်လား။

နေမင်း၏အကြည့်ကိုခေါင်းမော့ကာခံယူနေသည့်နေကြာပွင့်ငယ်လေးလိုနူးညံ့ချိုရီနေသည့်အကြည့်နက်နက်တွေအောက်မှာ သွန်း တစ်ယောက်ပျော်ဝင်နေမိ၏။
ဒီအကြည့်တွေရဲ့အဓိပ္ပါယ်ကို သွန်း သီးခြားဖွင့်ဆိုဖို့ပင်မလိုပါ။

ဖြစ်နိုင်လျှင်လူကြီးရဲ့အကြည့်တွေကိုမျက်ဝန်းတောက်တောက်လေးဖြင့်ရဲရဲရင်ဆိုင်ကာကြည့်ပစ်လိုက်ချင်ပေမဲ့သူ့အနေအထားက ဒီ့ အဖြစ်ဟန်ဆောင်ထားရတာဆိုတော့မဖြစ်သေး။

အရှက်အကြောက်ကြီးလှသည့် ဒီ့ ပုံစံမျိုးဟန်ဆောင်ထားရသည်က သွန်းအတွက်တော့စိတ်ရှုပ်စရာကြီးပင်။
သွန်း ဆိုသည်ကလိုချင်တာကိုမရရအောင်ယူတတ်တဲ့သူမျိုးဆိုတော့ရှက်တာကြောက်တာတွေကသွန်းနဲ့လားလားမျှမအပ်စပ်။

"ကလေး...မင်းကိုယ့်ကိုရှက်နေတာများလားကွာ...အဟွန်း..."

လူကြီးရဲ့မချိုမချဥ်အပြောကြီးကြောင့် သွန်း မျက်ထောင့်လေးကိုကပ်ကာကြည့်လိုက်၍

"အာ...ဘာဆိုင်လို့ခင်ဗျားကိုရှက်ရမှာလဲဗျ..."

နှုတ်ခမ်းရဲရဲလေးကိုတထော်ထော်လုပ်ရင်းတုန့်ပြန်ပြောလာသည့်နှင်းပွင့်ဖြူလေးကြောင့် ရှိုင်း အသဲတယားယားဖြစ်နေရသည်။

"အဟက်...ဘယ်လိုလေးလဲကွာ..."

သူတကယ်ပင်အသဲတွေယားနေမိ၏။
စိတ်ရှိတိုင်းသာဆိုလျှင်ဒီကောင်လေးမလွယ်လောက်။

🔥နေကိုချည်တဲ့နှောင်ကြိုးငယ်🔥Donde viven las historias. Descúbrelo ahora