💥နေကိုချည်တဲ့နှောင်ကြိုးငယ်💥
part-2နှင်းမှုန်မြူးနေတဲ့အေးစက်စက်ဆောင်းနံနက်ခင်းကိုအံတုရင်း ရှိုင်း ပြိုင်ဘီးလေးကိုအမြန်နင်းခဲ့လိုက်မိသည်။
နံနက်စောစောပြိုင်ဘီးစီးကာသွေးပူလေ့ကျင့်ခန်းလုပ်ပြီးသွားပြီမို့ ရှိုင်း ရဲ့ကျစ်လစ်နေတဲ့ခန္ဓာကိုယ်ကြီးမှာအပူဓါတ်တွေနဲ့သွေးဆူနေရသလိုနံဖူးစပ်မှာတောင်ချွေးစို့ချင်သလိုတောင်ဖြစ်နေရပြီ။
ရှိုင်း ပြိုင်ဘီးလေးကိုအားစိုက်နင်းနေမိပေမဲ့သူ့အတွေးအာရုံကြီးတစ်ခုလုံးကတော့နှင်းပွင့်တစ်မျှဖြူစင်လှပလွန်းတဲ့ကောင်ငယ်လေးဆီမှာသာတဝဲလည်လည်နဲ့ကျန်ရစ်ခဲ့ရသည်။
"ကလေးအဆင်မှပြေရဲ့လား...ခြေထောက်ကအရမ်းများနာသွားတာလား..."
သူစိုးရိမ်စိတ်နဲ့တွေးလိုက်မိပြီးပြိုင်ဘီးလေးကိုအမြန်နင်းကာသပ်ရပ်လှပတဲ့အပြာနုရောင်တစ်ထပ်တိုက်ကြီးရှိရာခြံဝန်းကြီးထဲကိုအမြန်ဝင်လာခဲ့လိုက်တော့သည်။
ရှိုင်း စက်ဘီးကိုတိုက်နံဘေးနားမှာထိုးရပ်လိုက်ပြီးကားသော့ယူရန်တိုက်ထဲကိုအလျင်စလိုဝင်လာခဲ့လိုက်လေ၏။
ခုမှတွေ့ဖူးတဲ့ကောင်လေးအပေါ်မှာသူဘာကြောင့်ဒီလောက်ထိစိုးရိမ်ပူပန်နေမိမှန်းမသိ။
"အကိုလေး...မေမေမြတ်ကအကိုလေးပြန်လာရင်စျေးကိုလိုက်ပို့ခိုင်းချင်လို့တဲ့...အဲ့ဒါဘုရားရှိခိုးနေတုန်းလေးခဏစောင့်ပေးဖို့မေမေမြတ်ကမိအေးကိုမှာထားလို့ပါ..."
"ဪ...အင်း..."
မိအေးရဲ့အပြောကြောင်း သွက်လက်နေတဲ့ရှိုင်း ရဲ့ခြေလှမ်းတွေကအလိုလိုတုန့်နှေးသွားရသည်။
ဒီပုံအတိုင်းသာဆိုသူချက်ချင်းအပြင်ကိုပြန်ထွက်ဖို့ကမဖြစ်နိုင်သေး။
မေမေဘုရားရှိခိုးပြီးချိန်ထိစောင့်ကာစျေးကိုလိုက်ပို့ရဦးမယ်ဆိုတော့...
ဟူး...သူသက်ပြင်းရှည်ရှည်ကြီးကိုချမိရင်းမတင်မကျဖြစ်သွားတဲ့စိတ်ကြီးနဲ့အတူမျက်မှောင်ကြီးကအလိုမကျစွာတွန့်ချိုးသွားရသည်။
ရှိုင်း ဆိုဖါပေါ်ကိုခြေပစ်လက်ပစ်ထိုင်ချလိုက်မိကာမျက်လုံးကိုမှေးထားလိုက်မိ၏။
YOU ARE READING
🔥နေကိုချည်တဲ့နှောင်ကြိုးငယ်🔥
Romanceရုပ်ချင်းခွဲမရအောင်တူတဲ့အမွှာကြိုးလေးနှစ်ကြိုးနဲ့အမှတ်မထင်ချည်နှောင်မိသွားတဲ့နေ... နေကိုချည်တဲ့နှောင်ကြိုးငယ်... ဘယ်လိုနှောင်ကြိုးတစ်စကနေကိုခိုင်မြဲအောင်ချည်နှောင်နိုင်မလဲဆိုတာ...