"ဘဝမှာ ကိုယ့်ထမင်းကိုယ်စားပြီး သူများသားသမီးအပြုံးကို ထိုင်ပြီး ရင်ခုန်နေရတာ သိပ်တော့ဘဝင်ကျစရာမကောင်းတော့ဘူးနော်"
"အန်တီ့မျက်လုံးတွေကို စေ့စေ့ကြည့်ရဲတဲ့နေ့ကျ အန်တီ့ကို ဘယ်လောက်ရင်ခုန်ခဲ့ရတယ်ဆိုတဲ့အကြောင်းကို ထိုင်ပြောပြဦးမယ်"
"ခက်တော့နေပြီ အန်တီရေ ၊ အန်တီ့ကို စချစ်မိတဲ့နေ့ကတည်းက အနာဂတ်အကြောင်း စဉ်းစားရင် အန်တီဆိုတဲ့ နာမ်စားက မပါမဖြစ်တွေဖြစ်နေပြီ။"
"အိမ်မက်လေးကတော့ ရိုးရှင်းပါတယ် ၊စိမ်းလန်းစိုပြေတဲ့ နေရာလေးတစ်နေရာမှာ ပကာသနတွေမပါတဲ့ အိမ်လေးတစ်အိမ်ရယ် ၊ အန်တီချစ်တတ်တဲ့ ခွေးလေးတွေ ရယ် နဲ့ အန်တီ့ မြတ်နိုးတဲ့ နေကြာပန်းခင်းကြီးရယ် ဒေစီပန်းခင်းကြီးရယ် အို တွေးကြည့်ရင်တော့ ပျော်စရာပေါ့။"
"အန်တီ့ကြိုက်တတ်တဲ့ သီချင်းတွေကို အန်တီနဲ့တူတူ ညကောင်းကင်ကြီးကို ကြည့်ပြီး နားထောင်ချင်လိုက်တာ"
"ဗျို့ အန်တီ , ချစ်တယ် ။ အွန်း ဟုတ်တယ် ၊ချစ်တယ် ။ အန်တီ ဆိုတဲ့ မိန်းမလှလေးကို ပြောစရာစကား တွေအများကြီးရှိတဲ့အထဲက မှ ချစ်တယ် ဆိုတဲ့စကားတစ်ခုတည်းကိုပဲ အန်တီ သိရင် ရပါပြီ။"
"ဒီအတွေးက ကျွန်မ အန်တီ့ကို ချစ်မိပြီးမှ တွေးမိတဲ့အတွေး ။ ကျွန်မ တစ်ခါမှ ယောကျ်ားလေးဖြစ်ချင်မိတဲ့စိတ်မရှိခဲ့ဖူး ၊ ဒါပေမဲ့ အန်တီ့ကို ချစ်မိတဲ့အချိန်ကစ တစ်ခါတရံ တွေးမိတယ် ။ ငါသာ ယောကျာ်းတစ်ယောက် ဖြစ်ခဲ့ရင် ၊ယောကျ်ားတစ်ယောက် ဖြစ်နေရင် အန်တီကို ပိုးပန်းဖို့ ပိုပြီး နီးစပ်မှာ၊ပိုပြီး အန္တရာယ်တွေကျရောက်လာရင် ကာကွယ်ပေးနိုင်မှာ ..ပိုပြီး လူအမြင်မှာ တင့်တယ်မှာ ဆိုပြီး တွေးမိတယ် ။ "
"အန်တီ့လက်ချောင်းလေးတွေ ၊သွေးကြောလေးတွေ ထောင်နေတဲ့ လက်ဖမိုးလေးတွေ ဘယ်လောက် နူးညံ့လိုက်လေမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရူးတယ် "
"အန်တီရဲ့ ပါဝါမျက်မှန်လေးရေ ၊ သူ့နားမှာ ရစ်ဝဲနေတဲ့ တို့ကိုလည်း မြင်အောင် ပြပေးလိုက်ပါကွာ"
"အန်တီနဲ့သာဆို နေ့တိုင်းရက်တိုင်းက feb 14 "
"ဆေးဆိုးပန်းရိုက် လုပ်ထားခြင်း မရှိတဲ့ အန်တီမျက်နှာဟာ ငွေလမင်းအလား အေးမျှပါတယ်။"
"အန်တီ့မျက်ဝန်းတွေ နဲ့ အန်တီ့ နှုတ်ခမ်း ၊ အန်တီ့ရဲ့ မျက်တောင်တခတ် နဲ့ အန်တီရဲ့ ခြေတလှမ်း ဪ အန်တီ အန်တီ ၊ ဒီအမျိုးသမီးနဲ့မှ ရူးတော့တာပါပဲ"
"တနေ့က အိမ်နားကကလေးလေးက "အစ်မ ၊အစ်မဖုန်း wallpaper က လက်လေးက လှလိုက်တာ" လို့ပြောလို့ ပြောခဲ့ရသေးတယ် ။ ဟာ ဘယ်နှဲ့ ကိုယ့်လူရ ဒီအမျိုးသမီးက အပြုံးတွေကပါ လှပြီး သူနဲ့ပတ်သတ်တဲ့အရာရာကအစ မြတ်နိုးဖွယ်ရာ အတိလို့ပြောခဲ့ရသေးတယ်"
"အန်တီကသာ ကမ္ဘာပေါ်မှာ အလှဆုံးက ဒေစီလို့ပြောတာ ၊ ဘယ်နှဲ့ အန်တီ ရယ် ကမ္ဘာပေါ်မှာ အလှဆုံးက အန်တီဆိုတဲ့ ကြာသာပတေး သမီးလေ"
"ပန်းလေး တပွင့်ပေးလိုက်တိုင်း ပျော်သွားတဲ့ အန်တီ့မျက်ဝန်းတွေ နဲ့ လက်ထဲရောက်လာတဲ့ ပန်းလေးကို ရှူရှိုက်တတ်တဲ့ အန်တီ့ဆိုတဲ့ အမျိုးသမီးလေးကို ချစ်လွန်းလို့ ရူးတော့မှာပဲဗျာ "
"အန်တီ" လို့ ခေါ်လိုက်တိုင်း "ရှင့်" လို့ ထူးတတ်တဲ့ အဲ့အမျိုးသမီးလေးက သီချင်းတွေ သိပ်ကြိုက်တဲ့ အမျိူးသမီးပေါ့ ။
"အန်တီဆိုတဲ့အမျိုးသမီးရဲ့ ဖြစ်တည်မှုတွေက တကယ့်ကို မြတ်နိုးဖွယ်ရာတွေနော် ၊ပါဝါမျက်မှန်ပေါ် ကျနေတဲ့ ဆံစလေးတွေ စကားပြောတိုင်း မပါမဖြစ် လက်ဟန်ခြေဟန်လေးတွေ တစ်ခုခုဆို စိတ်မြန်လက်မြန် လုပ်တတ်တာလေးတွေ ဪ အန်တီ,အန်တီ မေတ္တာရှိလိုက်တာ"
"အန်တီ ,အန်တီ ချစ်ကြောင်းတွေ တသီကြီး ထိုင်ပြောရင် အန်တီငြီးငွေ့များသွားမလား ၊ ကြားဖြတ်အနေနဲ့ အန်တီ့ မျက်ဝန်းတွေကြောင့် ဘယ်လို ရူးခဲ့ရကြောင်းတွေ ဟာသရောပြီး ပြောပြဦးမယ်"
"မှတ်ပုံတင်ထဲက ကိုးကွယ်ရာကို အန်တီ လို့ သွားပြောင်းဦးမယ် ၊ ဘယ်နှဲ့တော် နိုးလည်း သူ့စိတ် ညလည်း သူ့စိတ် ဒီအမျိုးသမီး အရမ်းလွှမ်းမိုးတယ်"
"တနေ့ခင်းလုံး မတွေ့ရရင်တောင် နေ့ခင်း ကော်ဖီသောက်ချိန်လေးတော့ နှစ်ယောက်တူတူ သောက်ချင်မိတဲ့ စိတ်ကူးလေးရှိတယ် ချစ်သူရယ် "
"အန်တီနော် ဟွန်း ၊ချေမိုးနေ အပိုင်ရတဲ့နေ့မှ အဲ့လောက်ချေမိုးခဲ့ရသလား ဆိုပြီ ညတိုင်း စိတ်ကောက်ဦးမယ် "~~ဆက်ရန်ရှိ~~