အန်တီ ဖတ်ဖို့

1.1K 64 3
                                    

အတ္တကြီးတယ်ပဲ ဆိုဆို ၊ တစ်ကိုယ်ကောင်းဆန်တယ် ဆိုဆို အန်တီ့ကို အမြဲပြုံးနေစေချင်တယ်။ စိတ်အမြဲ ချမ်းသာနေစေချင်တယ် ၊ မျက်ရည်ဆိုတာ မရှိတဲ့ ကမ္ဘာမှာ တောက်ပနေစေချင်တယ် ...။

မဖြစ်နိုင်မှန်းသိပါရဲ့ နဲ့ ..အန်တီ့အပြုံးတွေ မြင်ရင် ကြိုးစားချင်စိတ်၊ ပိုင်ဆိုင်ချင်စိတ်တွေဟာ အလိုလိုနေရင်းကို ထိန်းမရအောင် ပေါ်ပေါက်လာတယ် ။ ခက်တယ် အန်တီရယ် ..

အချစ်လို့ ထင်တဲ့ စိတ်ခံစားချက်ကို လူအများနဲ့ ခံစားဖူးပေမဲ့ အန်တီနဲ့ကျမှ နူးနူးညံ့ညံ့ တိတ်တိတ်လေး ရူးနေရပြီ အန်တီရယ်

"တစ်နေ့ ..အန်တီသိပ်ကြိုက်တဲ့ နေကြာပန်းခင်းကြီးဆီကို အန်တီကို လက်တွဲကာသွားချင်လိုက်တာ ၊ ဒါဟာလည်း အတ္တ ပဲလို့ ဆိုရလေမလား ဟင် ။"

"အန်တီနဲ့ မတွေ့ခင်တုန်းက ကျွန်မဘဝက အမှောင်ကမ္ဘာထဲ စမ်းတဝါးဝါးဖြစ်နေခဲ့တယ် ၊ ဒီလို ဖြစ်နေတဲ့ နှစ်ဆယ်ကျော် ကောင်မလေးကို အန်တီ့က အပြုံးလေးတစ်ခုတည်းနဲ့ ဘဝတစ်ခု ပြန်လည်တည်ဆောက်ပေးထားတယ် ဆိုတဲ့အကြောင်းကို တစ်နေ့ တော့ အန်တီသိအောင် ပြောပြဦးမယ် ။"


"လူငယ်တစ်ယောက်က ကလေးဆန်ဆန် အပြုအမှုတွေနဲ့ ချစ်တာကို အန်တီ့လို ရင့်ကျက်တဲ့ အမျိုးသမီးတစ်ဦး က နားလည်ပေးနိုင်ပ့ါမလား ၊ ဒါမှ မဟုတ် ကလေးဆန်လိုက်တာကွယ် ဆိုပြီး လှောင်ရယ်မလား ၊ ဒါမှမဟုတ် ပြက်ရယ် များ ပြုအုံးမလား ချစ်သူရယ် ။"

"အန်တီ နဲ့ မတွေ့ခင်က ကျွန်မ ရဲ့ ညတိုင်းက မျက်ရည်ပေါင်းများစွာ အတွေးပေါင်းများစွာနဲ့ ရပ်တည်ခဲ့ရတယ် ၊ အဲ့အချိန်မှာ အန်တီ ပေါ်လာပြီး ရောင်စုံပန်းဥယျာဥ်ကိုပြန်မြင်ရလေအောင် ပြုလုပ်ပေးခဲ့တယ် ။ ကျေးဇူးတင်ပါတယ် အန်တီ ၊ ဒီ ကျေးဇူးကို အန်တီ့ အပါး ခစားပြီး ဆပ်ပါရစေလေ ။"

"အချစ်ဆိုတာ ပေးဆပ်ခြင်းလား ဒါမှ မဟုတ် ရယူခြင်းလား မသိပေမဲ့ ၊ အန်တီ့ အနား ကျွန်မ မရှိရင်တောင် အန်တီ့ကို ပျော်စေချင်တယ် ။"

"မနက်မိုးလင်းတိုင်း expresso သောက်တတ်တဲ့ အန်တီ ၊ ပန်းဆိုလည်း နေကြာနဲ့ ဒေစီ မှ ဆိုတဲ့ အန်တီ ၊ အဘက်ဘက် က ပြည့်စုံလွန်းနေတဲ့ အန်တီက အမြင့်မှာ ပွင့်လန်းနေတဲ့ ပန်းလေးမို့ မခူးရက်လေဘူး ။​"

"အန်တီ့ကို ကျွန်မ သိပ်ချစ်တာ ၊ အန်တီဟာ ကျွန်မရဲ့ အရာရာ နောက်တနေ့ နိုးထလာရခြင်းရဲ့ ဦးတည်ရာဟာ အန်တီ ။ အို ပိုတယ်လို့ ဆိုလေဦးမလားကွယ် ၊ ဒီထပ်များ ပိုကြူးတတ်ရင် အန်တီ့ကို ချစ်ကြောင်း သက်ရှိတိုင်း သိအောင် ပြောပြချင်ပါရဲ့ ။"

"အန်တီကို မြင်တိုင်း ဒါမှမဟုတ် အန်တီ့အကြောင်း တွေးမိတိုင်း ကျွန်မ ဗိုက်ထဲ လိပ်ပြာလေးတွေပျံဝဲနေသလို ၊ ကမ္ဘာစျေးအကြီးဆုံး ရေမွှေး တစ်ပုလင်းကို ရှူရှိုက်နေရသလိုလို  ........."

"ဘယ်နေရာဖြစ်ဖြစ် အန်တီ ပါရင် နိဗ္ဗာန် "

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 22, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

အန်တီ(ခ) မိန်းမလှလေးဆီသို့ အချစ်ကဗျာDonde viven las historias. Descúbrelo ahora