"ဒေစီပန်းဆိုတာ "Day's Eye" ကနေ ဆင်းသက်လာတယ်။ အန်တီဆိုတဲ့မိန်းမလှလေးကရော ဘယ်ကနေဆင်းသက်လာသလဲဆိုတာ ကျွန်မတို့စကားဝိုင်း ဖွဲ့ပြီး ပြောသင့်ပြီထင်တယ် အန်တီ"
"အန်တီကအဖြူတို့ အနီ တို့ ဝတ်ထားတဲ့နေ့တွေ ၊ နှုတ်ခမ်းပါးပါးလေးအပေါ် နှုတ်ခမ်းနီရောင် ဖျော့ဖျော့လေး တင်ထားတဲ့နေ့တွေမှာဆို ဒီကောင့် ရင်ထဲနွေးသည်ထက် ပိုနွေးရပါတယ် အန်တီရာ "
"ဟုတ်ပါတယ် အန်တီ့ကိုချစ်ကြောင်းတွေထိုင်ရေးပြီး ရောမအင်ပါရာတည်ထောင်နေတာ ၈ပေလောက်သာကျယ်တဲ့ အခန်းထဲကနေပေါ့ ၊ ဒါပေမဲ့ အန်တီနဲ့ကျွန်မ ကတော့ မိုင်ပေါင်းရာချီဝေးလို့နေတယ်နော်"
"သူငယ်ချင်းက သူစားနေကြ ချောကလက်က အချိုဆုံးဆိုပြီးပြောနေလို့ ၊အချိုဆုံးဆိုတာ အန်တီအပြုံးပါလို့ပြောရင်း စကားနာလုခဲ့ရသေးတယ်"
"အန်တီရေ ဒါဟာလေ အန်တီကစားနေကြ တင်းနစ်ကွင်းထဲက တင်းနစ်ဘောလုံး မဟုတ်ဘူးရှင့် ၊ နှလုံးသား နှလုံးသား ထိလွယ် ရှလွယ် ကွဲ လွယ်တဲ့ နှလုံးသား ။ အန်တီသာ ငြင်းဆိုလိုက်ရင် ဒီလူသား ဆယ်ကမ္ဘာချီပြီး အသည်းကွဲရလေဦးမယ်"
"အချစ်က ရယ်ရတယ်နော် အန်တီ ၊ အစစအရာရာ အချစ်လို့ အစချီလိုက်ရုံ ကြားလိုက်ရုံနဲ့ မပိုင်ဆိုင်ရတဲ့အဝေးက အန်တီကိုပဲ ပြေးမြင်မိတယ် "
"စတွေ့တဲ့နေ့ကတည်းက အန်တီစီးနေကြ လေဒီရှူး မိတ်ကပ်ရောင်ရဲ့အောက်မှာ ဒီကောင့်အသည်းဟာပြာကျခဲ့ရတယ်ဆိုတဲ့အကြောင်းကို အန်တီသိအောင်ပြောပြဦးမယ်"
"ရေမွှေးဆိုင်ရောက်တော့ ရေမွှေး တွေလိုက်စမ်းနေရင်း အန်တီ့ရေမွှေးအနံ့ရတော့ ၊ Sí ကိုတောင် Sí လို့ မခေါ်နိုင်ပဲ အန်တီ့ရေမွှေးလေး ပေးပါလို့ ပြောမိလို့ ဆိုင်က ကောင်မလေးက လှောင်ရယ်နေလေသေးရဲ့"
"အန်တီ,အန်တီ ..မနက်မိုးလင်းသောက်မဲ့ကော်ဖီကနေ ည အိပ်ရာဝင်ခါနီးသောက်မဲ့ နွားနို့ပူပူလေးအထိ အတူတူသောက်ကြရအောင်လေ"
"အန်တီက စီးကရက်အနံ့ဆို မခံနိုင်ဘူးလို့ ပြောတဲ့နေ့ကစ ဒီနေ့အထိ စီးကရက်ဆိုတဲ့အရာနဲ့ထိတောင်မထိဘူး အန်တီရယ်"
"ကိုဗစ်ဆိုတဲ့ရောဂါဆိုးကိုကာကွယ်ဖို့ maskတပ် ၊ လက်ဆေး တွေ လုပ်ပြီး ကာကွယ်နိုင်ပေမဲ့ အန်တီ့ကို မချစ်မိအောင်တော့ ကာကွယ်လို့မရခဲ့ဖူး"
"စစ်ဆင်ရေး ကျွမ်းကျင်လှတဲ့ နပိုလီယံတောင်မှ အရှုံးပေးခဲ့ရသေးတာပဲလို့ လှောင်ခဲ့မိဖူးတယ် ၊ အခုတော့ သူ့လို ကံတရားနဲ့ဘဝဟာ ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့မချစ်တော့ဘူး ကြွေးကြော်ပြီးကာမှ အန်တီဆိုတဲ့ အမျိုးသမီးရဲ့ အပြုံးအောက်မှာ အရှုံးပေးနေရတယ်"
"ဒီလူသားရဲ့ အသည်းဟာ ကြာသာပတေး သမီးရဲ့ ပါဝါမျက်မှန်အောက်မှာ တွဲလျားခိုပြီး နေနေရတာမို့ မစိမ်းကားလိုက်ပါနဲ့ ချစ်သူရာ.."
"ဆောင်းရာသီမှာ နွေးဖို့ အန်တီသာလိုတယ် ၊ နွေရောက်ပြန်တော့လည်း အေးဖို့ အန်တီကလိုအပ်ပြန်ရော ဟော မိုးရာသီကျပြန်တော့လည်း မိုးရိပ်ခိုဖို့ အန်တီရဲ့ ပါဝါမျက်မှန်လေးတိုးဝင်ဖို့ လိုအပ်လာပြန်ရော ၊အန်တီ,အန်တီ ၁၂လရာသီကို အန်တီက ကျွန်မအတွက် လိုအပ်နေပြန်ရော"
"အန်တီက စာအုပ်လေးတွေဖတ်ရတာ နှစ်သက်တယ်နော် ၊ကျွန်မကတော့ အန်တီစာဖတ်နေတဲ့ပုံလေးကို ထိုင်ငေးရတာကို နှစ်သက်တယ်"
"ဒီလူသားရယ်တော့ ရယ်ချင်စရာ အန်တီဆိုတဲ့ မိန်းမလှရဲ့ အပြုံးအောက်မှာ အကြိမ်ကြိမ်အခါခါ ကျရှုံးနေတာတောင် အနိုင်ရနေသလို ခံစားနေရတယ်""အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် အန်တီနဲ့ ကော်ဖီ ဒိတ်လေးတစ်ခါလောက်လုပ်ပြီး အန်တီဆီမှာ ဘယ်လိုကျရှုံးခဲ့ရတယ်ဆိုတဲ့အကြောင်းကို စီကာပတ်ကုံးပြီး ပြောပြဦးမယ် "
~~ဆက်ရန်ရှိ~~~